Saturday, August 8, 2015

ရေဘေးသင့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း



နေပြည်တော်  သြဂုတ် ၈ 

ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး များသို့လာရောက် လှူဒါန်းလျှက်ရှိရာ ဇူလိုင်(၂၉) ရက်မှ သြဂုတ်(၈)ရက် အထိ အလှူရရှိငွေစုစုပေါင်းမှာ(၅၂၂၁,၄၅,၈၅၀/-) ကျပ်နှင့် အမေရိကန်ဒေါ်လာ (၆၅၅၀)၊ ထိုင်းဘတ်(၅၀၂၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀)တို့ဖြစ်ပြီး အလှူငွေနှင့် အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment