နေပြည်တော် သြဂုတ် ၈
မြန်မာနိုင်ငံတဝန်းလုံးတွင် ဇွန်လမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်ရပ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့သည့်အတွက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ဗွီပူတင်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်
မစ္စတာ ရှင်ဇိုအာဘေးတို့မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သည့် စာနာထောက်ထားကြောင်း
သဝဏ်လွှာများ လက်ခံရရှိခဲ့သည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံသို့လည်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊
စင်ကာပူနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်
အာဆီယံအတွင်းရေးမှူးချုပ်တို့မှ ပေးပို့သည့် စာနာထောက်ထားကြောင်း သဝဏ်လွှာများ လက်ခံရရှိခဲ့ပြီး
ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြင်သစ်နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှလည်း
ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံအသီးသီးမှ အစိုးရများ၊ ကုသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ရှိ
နိုင်ငံခြားသံရုံးများမှ လူသားချင်း စာနာထောက်ထားသည့် အကူအညီများကို ဆက်လက်ပေးအပ်လျက်ရှိကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment