Thursday, August 6, 2015

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအတွက် ကူညီထောက်ပံ့ရန် ကျိုင်းတုံတွင် အလှူငွေ ပစ္စည်းများ လှူဒါန်းလျက်ရှိ

ကျိုင်းတုံ  သြဂုတ်  (၅)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်တွင်နိုင်ငံနှင့်အ၀န်း သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အတွက်ကူညီထောက်ပံ့နိုင်ရန် ကျိုင်းတုံခရိုင် သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအတွက် ကူညီထောက်ပံ့ရေး ကော်မတီကို သြဂုတ်လ(၂)ရက်နေ့တွင် ဖွဲ့စည်းခဲ့ ပါသည်။

 အဆိုပါ အဖွဲ့မှ မြို့မဈေးတွင် အလှူခံဌာနဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၅ရက် တတိယ နေ့ရရှိသော အလှူငွေမှာ ၄၅၀၃၀၀၀ကျပ် (ကျပ်လေးဆယ့်ငါးသိန်း သုံးထောင်တိတိ)နှင့် အ၀တ် အထည် (၂၀)အိတ်နှင့် စားသောက်စရာများ ရရှိပါသည်။ ယနေ့ရရှိပြီးအလှူငွေစုစုပေါင်းမှာ သိန်းတစ် ရာကျော် ရရှိပြီဖြစ်ဖြစ်ပါသည်။ အဆိုပါအလှူခံရရှိငွေများမှ ကျပ်သိန်းနှစ်ဆယ်နှင့် စားသောက်ဖွယ်ရာများကို တာချီလိတ်ခရိုင်ကျိုင်းလပ် ရေဘေးသို့လည်းကောင်း၊ အ၀တ်အထည်(၂၀)အိတ်ကို အခြားရေဘေး သင့် ဒေသများသို့လှူဒါန်းရန် ရန်ကုန်မြို့သို့လည်းကောင်း ပေးပို့ကြောင်းတင်ပြအပ်ပါသည်။

No comments:

Post a Comment