Thursday, August 6, 2015

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၏ အခြေအနေ


ပဲခူး    သြဂုတ်လ   
ယနေ့ နေ့လည်(၁၂း၃၀)နာရီအချိန် တိုင်းတာချက်အရ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၏ လက်ရှိ ရေမှတ်မှာ (၅၉.၅၅)ပေ ဖြစ်ပြီး စိုးရိမ်ရေမှတ်မှာ (၅၂.၆၀) ပေခန့် ဖြစ်သဖြင့် စိုးရိမ်ရေမှတ်ထက် (၇) ပေခန့် မြင့်တက်လျက် ရှိကြောင်း သိရသည်။ ယမန်နေ့ညနေ တိုင်းတာချက်မှာ (၅၉.၅၀)ပေဖြစ်ပြီး ယနေ့တိုင်းတာချက်မှာ (၅၉.၅၅) ပေ ဖြစ်သဖြင့် (၀.၀၅) ပေသာ အနည်း ငယ် မြင့်တက်လာကြောင်း သိရသည်။

ယနေ့ထိ ရေနစ်မြုပ်မှုကြောင့် (၁)ဦးသေဆုံးပြီး အိမ်ထောင်စု (၄၄၁၂) စု၊ လူဦးရေ (၁၆၇၄၂) ဦး၊ အိမ်ခြေ (၁၂၃၃၀)၊ လယ်မြေ (၁၅၅၄၀) ဧက၊ စာသင်ကျောင်း (၁၁၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁၁၉) ကျောင်း တို့မှာ ရေဝင်နစ်မြုပ် လျက်ရှိပြီး အိမ် (၆) လုံး၊ တံတား (၁) ခု၊ တာလမ်း (၁) ခု ပျက်စီးပြိုကျခဲ့ကြောင်း သိရသည်။
တိုင်း ပြန်/ဆက်

No comments:

Post a Comment