နေပြည်တော် သြဂုတ် ၈
နေပြည်တော်
စည်ပင်သာယာရေး ကော်မတီ ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍
ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီး၌ ယနေ့နံနက်ပိုင်းမှ စတင်၍ စင်ကာပူနိုင်ငံ Mount
Elizebath Hospital မှ နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကု ဆရာဝန်ကြီး Dr.Goh
Yau Hong နှင့် ကိုရီးယား နိုင်ငံ Kyung He University Hospital မှ နား၊ နှာခေါင်းနှင့်
လည်ချောင်းအထူးကု ဆရာဝန်ကြီး Dr.Kim Sung Wan တို့ ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးမှ နား၊
နှာခေါင်း နှင့် လည်ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းဦးနှင့် ခွဲစိတ် သမားတော်ကြီး
ဒေါက်တာမျိုးထက်ကျော်တို့ ပူးပေါင်း၍ လည်ပင်းကြီး ဝေဒနာရှင်များ အား ခွဲစိတ်ကုသပေး
နေမှုနှင့် ဂျပန်နိုင်ငံ Kagoshima City Hospital မှ
နှလုံးအထူးကု ဆရာဝန်ကြီး
Dr.Takashi Kajiya နှင့် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ
သက်ဟိန်းတို့ က နှလုံးသွေးကြောကျဉ်း ရောဂါ ဝေဒနာရှင်များအား နှလုံးသွေးကြောထောက် ကိရိယာ
(Stent) ထည့်၍ ကုသပေးလျက်ရှိသည်။
အဆိုပါ
ကုသပေးနေမှုများကို သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ
ဦးသိန်းညွန့်နှင့် ဇနီး ဒေါ်ကျင်ခိုင် (မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင်)
တို့သည် တာဝန် ရှိသူများ ဖြစ်ကြသည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်
ဦးသန်းကျော်ထူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဒေါ်အေးအေးစန်း၊ ဇမ္ဗူသီရိ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေး
စကား ပြောကြားသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိ အထူးကုဆေးရုံ ခွဲစိတ်ခန်းမကြီး
အတွင်း၌ နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကုဆရာဝန်ကြီး Dr.Goh Yau Hong နှင့်
Dr. Kim Sung Wan တို့က လည်ပင်းကြီး ဝေဒနာရှင်များအား ခွဲစိတ်ကုသပေး နေမှုကို သွားရောက်ကြည့်ရှုအားပေးကာ
လူနာရှင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှလုံးသွေး ကြောကျဉ်း ဝေဒနာရှင်များအား
မြန်မာနိုင်ငံတွင် ပထမဆုံး တပ်ဆင်ထားသော Allura Xper FD 10/10 Biplane စက်ကြီးဖြင့်
နှလုံးသွေး ကြောထောက်ကိရိယာ (Stent) ထည့်၍ ကုသပေးနေမှုအား ကြည့်ရှု ၍ ဂျပန်နိုင်ငံ
Kagoshima City Hospital မှ နှလုံးအထူးကုဆရာ ဝန်ကြီး Dr. Takashi Kajiya နှင့် လက်မောင်းသွေးကြောမှ
တစ်ဆင့် နှလုံးသွေးကြော ထောက်ကိရိယာ (Stent) ထည့်သွင်း ကုသမှုခံယူပြီးသည့် ညောင်ရွှေမြို့မှ
လူနာတို့အား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် ပုံရိပ်ဖော် ဌာနတွင် အသစ်တပ်ဆင်ထားရှိသော
မြန်မာနိုင်ငံတွင် ပထမဆုံး တပ်ဆင် ထားသော 3 Tesla MRI (Magnetive Resonance
Imaging) သံလိုက် စွမ်းအားသုံး အသေးစိတ် ပုံရိပ်ဖော်ရောဂါရှာဖွေသည့် စက်ခန်း အတွင်း
ကြည့်ရှုစစ်ဆေးပြီး 3 Tesla MRI စက်ကြီးဖြင့် လူ့ခန္ဓာကိုယ် တစ်ခုလုံး၌ရှိသော ရောဂါများကို
စွမ်းအားမြှင့်သံလိုက်ဓာတ်ကို အသုံး ပြုကာ ကြည်လင်ပြတ်သားစွာ ပုံရိပ်ဖော်၍ နှလုံးရောဂါ၊
သွေးကြော ဆိုင်ရာ ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ အရိုး၊ အကြော၊
အဆစ်၊ ကြွက်သားများတွင် ဖြစ်တတ်သော ရောဂါများ၊ ကျောရိုးမကြီးဆိုင်ရာ ရောဂါများ၊ ရင်ခေါင်းအတွင်းပိုင်းရှိ
ရောဂါများ၊ ဝမ်းဗိုက်အတွင်းပိုင်းရှိ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အသည်း၊
သည်းခြေအိတ်၊ ပန်ကရိယ၊ ကျောက်ကပ်ဆိုင်ရာ ရောဂါများ၊ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကင်ဆာအဖု
အကျိတ်များ ရှာဖွေပေးနိုင်မှုများကို ဌာနတာဝန်ခံ ဒေါက်တာမင်းအောင်သိန်း က ရှင်းလင်းတင်ပြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှလုံး အထူးကြပ်မတ်ကုသဆောင်တွင် နှလုံးသွေးကြောထောက်ကိရိယာ
(Stent) ထည့်သွင်းပြီးသော လူနာ၊ ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိ သောလူနာနှင့် လူနာရှင်များအား
ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားသည်။
ယင်းနောက်
နှလုံးအထူးကြပ်မတ် ကုသဆောင်အတွင်း တပ်ဆင်ထားသော ESMR အသံလှိုင်းဖြင့် နှလုံးသွေးကြောချဲ့စက်)ခန်းအား
ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
သြဂုတ်
၈ ရက်မှ ၉ ရက်အထိ (၅)ကြိမ်မြောက်အဖြစ် လည်ပင်းကြီး ဝေဒနာရှင်များဖြစ်သည့် နေပြည်တော်ရှိ
ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုဝင် ခြောက်ဦးနှင့် ဒေသခံ တစ်ဦးတို့၏ ဆေးကုသမှုအား
ဇမ္ဗူ သီရိဖောင်ဒေးရှင်းမှ အကုန်ကျခံ၍ အခမဲ့ကုသပေးလျက်ရှိကြောင်း၊ နှလုံး သွေးကြောကျဉ်းဝေဒနာရှင်များအား
ဇမ္ဗူသီရိဖောင်ဒေးရှင်း၏ အကူအညီဖြင့် သက်သာသော နှုန်းထားများဖြင့် ကုသပေးလျက်ရှိကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment