Sunday, August 9, 2015

ဟားခါးတွင် ရေနုတ်မြောင်းနှင့် လမ်းများ ပြန်လည်တူးဖော်ပြုပြင်


ဟားခါး သြဂုတ် ၈

ပြီးခဲ့သည့် ဇူလိုင်လကုန် ရက်ပိုင်းအတွင်း ဟားခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လမ်း/ တံတားများ၊ လူနေအိမ်များ ပြိုကျ ပျက်စီးခဲ့ပြီး ဟားခါးမြို့ တော်လှန်ရေး ရေကန်အတွင်း ရုန်းတောင်မှ ကမ်းပါးများ ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် သြဂုတ် ၇ ရက်က ဟားခါးခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များ၊

ဒေသခံပြည်သူများက ဝိုင်းဝန်းစုပေါင်း၍ ရေစီး ရေလာ ကောင်းမွန်ရေးအတွက် ရေနုတ် မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ ကျောက်ခင်းလမ်းများ ပြုပြင် ခင်းကျင်းခြင်းတို့ကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟားခါးမြို့ အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပ သော အခြေခံ အိမ်တွင်းမှု သင်တန်းအမှတ်စဉ်( ၅၈/ ၂ဝ၁၅)၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၁/၂ဝ၁၅) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။


ချင်းပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment