Tuesday, August 11, 2015

ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ညှိနှိုင်းအစည်းအဝေးပြုလုပ်


ရန်ကုန် သြဂုတ် ၁၁                
                                                 
တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ရေဘေးသင့် ဒေသများတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်စေရေး ညှိနှိုင်းအစည်းအဝေးကို  ၂၀၁၅ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် တတိယထပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။   
              

အစည်းအဝေးသည်နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီတိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရေဘေး သင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစား သုံးနိုင်စေရန်အတွက် ညှိနှိုင်းဖြစ်ကြောင်း ကုန်သည် စက်မှုအသင်းချုပ်အသင်းမှသိရသည်။

အစည်အဝေးတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး အတွက် လက်လီစနစ်ဖြင့်ဝယ်ယူလိုသူများအား ပြန်လည်ဖြန့်ဝေပေးနိုင်ရန်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ ပူးပေါင်း ကာကော်မတီတစ်ရပ်ဖွဲ့စည်း၍  ဆောင်ရွက်သွားနိုင်ရေးကိုဆွေးနွေးခဲ့သည်။ ပင်လယ်ကမ်းရိုးတန်း ရေကြောင်း အသင်းနှင့်ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းများမှ ရေဘေးသင့်ဒေသများသို့ ပို့ဆောင်မည့် စားသောက် ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာသယ်ယူ ပို့ဆောင်နိုင်စေရေးအတွက် ဆွေးနွေးခဲ့ကြသည်။

 အစည်းအဝေးကို မွန်းလွဲ(၁)နာရီတွင် ရုတ်သိမ်းခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် ဈေးနှုန်းတည်ငြိမ်မှုရှိရေး၊ ပုဂလိကကဏ္ဍ အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ဆန်စပါးကုန်သည်များအသင်းမှ မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသပေါင်း (၁၉)ခုသို့  သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လက်ကားဖြန့်ဝေနိုင်ရေး၊ ဆီလုပ်ငန်းရှင်များအသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ဆားလုပ်ငန်းရှင်များ အသင်းတို့မှလည်း  ပဲအမျိုးမျိုး၊ ဆီ၊ဆားနှင့် အခြေခံ စားသောက်ကုန်များအား လက်ကား ဖြန့်ဝေသွားရေးတို့နှင့် ပက်သတ်၍ ညှိုနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌဦးဝင်းအောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် သက်ဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။     

No comments:

Post a Comment