ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု နှင့် နမ့်ခင်းကျေးရွာ အုပ်စုများရှိ ကျေးရွာများတွင်
သြဂုတ် ၃ ရက် နှင့် ၄ ရက်နေ့များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
လမ်း၊တံတား များပျက်စီးခြင်း၊ လူနေအိမ်များရေစီးတွင် မျောပါခြင်းများဖြစ်ပေါ်ခဲ့ရာ၊
အဆိုပါ ရေဘေးသင့် ပြည်သူများအား သတင်း ရသည်နှင့် တစ်ပြိုင်နက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများ
ပူးပေါင်းပါဝင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်း သွားရောက် ကူညီ ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ယနေ့ သြဂုတ်လ(၅)ရက် နံနက် က ကျိုင်းလပ်မြို့အတွင်းရှိ ရေးဘေးသင့်ပြည်သူများ အတွက် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း
(ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် သူရိယသင်္ကန်းတိုက် တို့တွင် အလှူခံထားရှိသည့် ရေဘေးထောက်ပံ့ပစ္စည်းများထဲမှ
လိုအပ်သည့် ထောက်ပံ့ ပစ္စည်းများကို ဝမ်ပုံဆိပ်ကမ်းမှ
တဆင့်သွားရောက် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ သွားရောက် ပို့ဆောင်ရာတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်၍
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းနှင့် ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး
အသင်းအဖွဲ့များ၊ အလှူခံပေးသည့် အဖွဲ့များနှင့် တာဝန်ရှိသူများမှ စုပေါင်းကာ ပို့ဆောင်ပေးနေခြင်း
ဖြစ်သည်။
ထို့အပြင် မြန်မာပြည်အတွင်း ဖြစ်ပေါ်နေသော ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့နိုင်ရန်
ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင
သူရိယ သင်္ကန်းတိုက်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့တွင်
ကော်မတီများဖွဲ့စည်းကာ အလှူခံဌာနများ ဖွင့်လှစ်
ထားရှိ ဆောင်ရွက်လျက်ရှိပြီး၊ လတ်တလောအနေဖြင့် ကျိုင်းလပ်မြို့ရှိ ရေဘေးသင့် ပြည်သူများအား ဦးစားပေး
ထောက်ပံ့ပေးလျက်ရှိကာ၊ သြဂုတ်လ (၉)ရက်နေ့တွင်
မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ ဆက်လက်သွားရောက်
ထောက်ပံ့မည် ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်






No comments:
Post a Comment