Wednesday, August 5, 2015

ရေဘေးသင့် ပြည်သူများအတွက် သမဝါယမဝန်ကြီးဌာန(မိသားစု)မှ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း



နေပြည်တော်    သြဂုတ်   ၅

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော်အလှူခံ ဌာန၌ လက်ခံလျက်ရှိရာ
ယနေ့နံနက်ပိုင်းက သမဝါယမဝန်ကြီးဌာန (မိသားစု)မှ အလှူငွေကျပ် (၉၄,၄၈,၃၀၀) ကို ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လက်ခံရယူကာ ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment