ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင်
ရေကြီး ရေလျှံဖြစ်ပေါ်မှုကြောင့် လမ်း ၄၄ လမ်းနှင့် တံတား ၉၈ စင်း ပျက်စီး ခဲ့ကြောင်း
ဆောက် လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။
လမ်းနှင့် တံတားပျက်စီးမှုများအား ပြန်လည်
ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း ၍ လမ်းဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ်
ဦးဝင်းဖေက ''ပျက်စီးခဲ့တဲ့လမ်းတွေ ပြင်ဆင်ပြီးစီးမှုအနေနဲ့ ၇ဝ ရာခိုင်နှုန်းလောက် ပြင်ဆင်ပြီးတော့
သွားလာနိုင်နေ ပါပြီ။ ကျန်တဲ့ ရာခိုင်နှုန်းအပိုင်းတွေကိုလည်း ပြင်ဆင် လျက်ရှိပါတယ်။
တံတားအနေနဲ့လည်း ၉၈ စင်း ပျက်စီးခဲ့တာမှာ ၅၆ စင်း ပြင်ဆင်ပြီးစီးသွားပါပြီ။ ၄၂ စင်းကတော့
ဆက်လက် ပြုပြင်နေဆဲ ဖြစ်ပါတယ်။ တံတားပြင်ဆင်မှုကို ရာခိုင်နှုန်း အားဖြင့် ပြောမယ် ဆိုရင်
၆ဝ ရာခိုင်နှုန်းလောက် ပြင်ဆင်ပြီးစီးသွားပါ ပြီ'' ဟု ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည်
ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဖြစ်ကြောင်း သိရှိရပြီး
အဆိုပါ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေအပေါ်
''စစ်ကိုင်း တိုင်းဒေသကြီး ကလေးဒေသကပျက်စီးတဲ့ နေရာတွေပြင်ဆင်ဖို့ တချို့ နေရာတွေ မှာ
လမ်းပြတ်တောက် သွားတာဖြစ်တဲ့အတွက် ဒီနေရာတွေကို ပြင်ဆင်ဖို့ စက်ယာဉ်ယန္တရား ပို့ဆောင်
နိုင်ဖို့ကို ကြိုးစား လုပ်ဆောင်ခဲ့ရပါတယ်။ ချင်းပြည်နယ် ကိုသွားဖို့ ဂန့်ဂေါ-ဟားခါးလမ်းနဲ့
ကလေး- ဟားခါးလမ်း နှစ်လမ်းပဲရှိပြီးတော့ ဒီလမ်းနှစ်လမ်းလုံးမှာ ပျက်စီးမှု တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပထမအနေနဲ့ ဂန့်ဂေါ-ဟားခါး လမ်းက ပြင်ဆင်ဖို့ လုပ်ဆောင်ရာမှာ ရေတွေထွက် နေသေးလို့ လမ်းဖောက်လို့မရတဲ့
အခြေအနေမို့ ဒုတိယအနေနဲ့ ကလေး-ဟားခါးလမ်းကို ပြင်ဆင်ဖို့ လုပ်ဆောင်ပြီး လမ်းပွင့်အောင်
လုပ်ဆောင်ခဲ့ပါတယ်။
နောက်ပြီး ကလေး-ဟားခါးလမ်းပွင့်သွားတဲ့အတွက်
ကလေးဘက်မှာလည်း ကလေး-ဂန့်ဂေါလမ်းနဲ့ ကလေး-ကလေးဝ လမ်းအတွက် ဆောင်ရွက်ရပါတယ်။ အခု ကလေး-ကလေးဝလမ်းက
ရေကျသွားတော့ အသုံးပြုလို့ ရပါပြီ။ ကလေး-ဂန့်ဂေါ လမ်းကတော့ ကမ်းပါးနီတံတား ပျက်စီးမှုရှိနေတော့
ဒီတံတားပြင်ဆင်မှုကို ဆောင်ရွက် နေပါတယ်'' ဟု ညွှန်ကြားရေး မှူးချုပ်က ပြောသည်။
''အခု ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေထဲက
တချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ် တောက် ခဲ့ပါတယ်။ အခုတော့ ရခိုင်ပြည်နယ်၊
ကချင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိတော့ပါဘူး။
စစ်ကိုင်းဒေသကြီးက တမူးကို သွားမယ်ဆိုရင် ကလေး-ဂန့်ဂေါလမ်းက အသုံးပြုသွားလာလို့မရပေမယ့်
မုံရွာ-ရေဦးဘက်က သွားလို့ရပါပြီ။ ချင်းပြည်နယ် မြောက် ပိုင်းမှာဆိုရင်လည်း ကလေး-ဖလမ်း-ဟားခါးဘက်က
တစ်ဆင့် သွားလို့ရပါတယ်။ ချင်းပြည်နယ် တောင်ပိုင်း ကတော့ မင်းတပ်-မတူပီဘက်ကတော့ လမ်းပန်း
ဆက်သွယ်ရေး အခုချိန်မှာ အခက်အခဲရှိပေမယ့် လကုန် ရက်မှာ သွားလာနိုင်အောင် ဆောင်ရွက်နေပါတယ်''
ဟု လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းနိုင်က ပြောကြားခဲ့သည်။
တံတားပျက်စီးမှုများအား ပြင်ဆင်ဆောင်ရွက်မှုများ
လုပ်ဆောင်လျက်ရှိပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် တံတား များသည် ပေ ၃ဝ၊ ပေ ၄ဝ ရှိသည့်
တံတားငယ် များဖြစ်ကြောင်း၊ ပြင်ဆင်ဆောင်ရွက်မှုအပိုင်းကို ယခုလ လကုန်ရက်ပိုင်းတွင် အပြီးသတ်လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
''အခု ပျက်စီးခဲ့တဲ့ တံတား ၉၈ စင်း ပျက်စီးခဲ့တာ
မှာ ၅၆ စင်းက ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ၄၂ စင်းက ပြင်ဆင် ဆောင်ရွက်ဆဲဖြစ်ပြီးတော့ ဒီလိုပြင်ဆင်
ဆောင်ရွက်တာကို အခုလ ၃၁ ရက်နောက်ဆုံးထားပြီး ပြင်ဆင်သွားပါ့မယ်။ တချို့တံတားတွေက ၃၁
ရက် မတိုင်ခင် ပြင်ဆင်ပြီးစီးမှာဖြစ်ပါတယ်။ အခု ပျက်စီးခဲ့ တဲ့ တံတားတွေဟာ ပေ ၃ဝ၊ ပေ
၎ဝ စတဲ့ တံတားငယ် လေးတွေပါ။ ဒီတံတားတွေဟာလည်း ရေများတဲ့အခါ ရေလမ်းကြောင်းပိတ်ပြီး အောက်ခြေလှိုက်စားပြီး
ချဉ်းကပ်တံတားတွေ ကမ်းကပ်ခုံတွေ ပျက်စီးမှုဖြစ်ပေါ် တာ တွေ့ရပါတယ်။
တံတားပျက်စီးမှုတန်ဖိုးအားဖြင့် ၂ ဒသမ
၉ ဘီလီယံ နီးပါးရှိပါတယ်။ ဒီတံတားတွေ ယာယီပြင်ဆင်မှု တန်ဖိုးကတော့ ၂ ဒသမ ၅ ဘီလီယံဖြစ်ပြီး
အမြဲတမ်း တည်ဆောက်မှုအတွက် ၇ ဒသမ ၂ ဘီလီယံ ဖြစ်ပါ တယ်'' ဟု တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေး
မှူးချုပ် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။
သတင်း-ဟန်နီဝင်း
ဓာတ်ပုံ-ကျော်ရဲဆွေ
ဓာတ်ပုံ-ကျော်ရဲဆွေ



No comments:
Post a Comment