Wednesday, August 5, 2015

ရေကြီးနစ်မြုပ် လယ်မြေများ သီးနှံပြန်လည်စိုက်ပျိုးရေး စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် အချိန်မီထွန်ယက်ပေးလျှက်ရှိ



နေပြည်တော် သြဂုတ် ၅

မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသော လယ်မြေများသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေး  စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့်အချိန်မီ ထွန်ယက်ပေးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ထိုသို့ထွန်ယက် ပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အတွင်း ဌာနပိုင် ထွန်စက် (၃၀)စီးဖြင့် သြဂုတ်(၃)ရက့် အထိ ရေကျဆင်းသော ကျေးရွာအုပ်စု၊ (၈)အုပ်စုမှ လယ်မြေဧက (၁၀၆)ဧကနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့်သံတွဲ မြို့နယ်အတွင်း ဌာနပိုင်ထွန်စက် (၁၃)စီးဖြင့် လယ်မြေဧက(၂၅၅)ဧကတို့ကို ထွန်ယက်ပေးနိုင်ခဲ့ပြီး   ကလေးမြို့နယ်သို့ ဌာနပိုင်ထွန်စက် (၈၀)စီးပေးပို့၍ ရေကျသည်နှင့် တပြိုင်နက် အချိန်မီ  ထွန်ယက် ပေးရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါ သည်။


အလားတူဆောင်ရွက်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအတွက် ဌာနပိုင်ထွန်စက်(၅၈)စီး၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွက် ထွန်စက်(၂၁)စီး၊ ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ် အတွက် ထွန်စက်(၁၀)စီး၊ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်အတွက် ထွန်စက်(၅) စီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်အတွက် ထွန်စက်(၅)စီးတို့ကို   အဆင့်သင့်စုဖွဲ့ထားရှိပြီးကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရေနစ်မြုပ်၍ ပြန်လည်ပြုပြင်ရန် လိုအပ်သော တောင်သူပိုင်ရေစုပ်စက်၊ လက်တွန်းထွန်စက်နှင့် ထွန်စက်ကြီးများကိုလည်း စက်မှုလယ်ယာဦးစီးဌာနမှ စက်ပြင်ဝန်ထမ်းများဖြင့် အချိန်မီပြင်ဆင်ပေးလျှက်ရှိရာ သြဂုတ်(၃)ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း လက်တွန်းထွန်စက်(၅၀)စီးနှင့် ရေစုပ်စက်(၆၇)လုံး၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့်သံတွဲမြို့နယ်များတွင် လက်တွန်းထွန်စက်(၁၆)စီး၊ ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်တွင် လက်တွန်းထွန်စက်(၂၅)စီးနှင့် ရေစုပ်စက်(၈)လုံးတို့ကို ပြင်ဆင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ရေကြီးနစ်မြုပ် သည့်ဒေသရှိ လယ်မြေများအား အချိန်မီထွန်ယက်ပေးနိုင်ရန်အတွက် ထွန်စက်များထပ်မံ လိုအပ်ပါက ရေနစ်မြုပ်ခြင်းမရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဌာနပိုင်ထွန်စက်များကို လုပ်ငန်းခွင် အဆင်သင့် ဝင်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရှိရသည်။ 


(သတင်းစဉ်)

No comments:

Post a Comment