Wednesday, August 5, 2015

ရေဘေးသင့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး ရွေ့လျားရေသန့်စက်ဖြင့် ရေသန့်များ ဖြန့်ဝေ



နေပြည်တော် သြဂုတ်  ၅  

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး / ပြည်နယ်များတွင်  ဇွန်လနှင့် ဇူလိုင်လ အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။


ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားသောသော ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ Meta Water Co.Ltd ( Japan) နှင့် Trendy Myanmar Co.Ltd တို့ပူးပေါင်း၍ တစ်ရက်လျှင် ရေ (၇၂၀၀၀) လီတာထိ သန့်စင်ထုတ်လုပ်ပေးနိုင်သော ရွေ့လျားရေသန့်စက်ဖြင့် မုံရွာမြို့နယ် ခင်မွန် ကျေးရွာ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျီကုန်း၊ ဘုမ္မနိုး၊ တောပု၊ နတ်ကြီးကျွန်း၊  ချမ်းသာကျွန်း ကျေးရွာအုပ်စု များရှိ ကျေးရွာများသို့ သောက်သုံးရေသန့်များ ပေးဝေလျှက်ရှိကြောင်းနှင့် အခြားရေဘေးသင့် ဒေသများသို့လည်း ဆက်လက်   ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment