Friday, August 7, 2015

နိုင်ငံတကာ အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ်ဖြစ်များသည့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများပေး ပို့လှူဒါန်းလျက်ရှိ



နေပြည်တော် သြဂုတ် ၇
မြန်မာနိုင်ငံ တစ်ဝန်းရှိ ရေဘေးသင့် ဒေသများအတွက် ကုလသမဂ္ဂနှင့် နိုင်ငံ တကာလူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံတကာမှ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများကလည်း  နိုင်ငံတကာအဖွဲ့ အစည်းများမှ လှူဒါန်းနိုင်ရန် ဆက်သွယ် အကြောင်းကြားခြင်း၊ နိုင်ငံတကာတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှတစ်ဆင့် လှူဒါန်းနိုင်ရန် အတွက် ဆက်သွယ် လှူဒါန်းနိုင်မည့် မြန်မာနိုင်ငံသားများ၏ ဘဏ်လိပ်စာတို့ကို အကြောင်းကြား ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ လှူဒါန်းရာတွင် အကောက်ခွန် ကင်းလွတ်ခွင့်၊ လေယာဉ်ဆင်းသက်/ ပျံသန်းခွင့်၊ လှူဒါန်းသည့်ပစ္စည်းများ လွှဲပြောင်း/ လက်ခံခြင်း စသည့်လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်လျက်ရှိသည်။
ယခုအခါ မလေးရှားနိုင်ငံ ပက်ထရိုးနက်စ် ရေနံကုမ္ပဏီက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ၊ ဗီယက်နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဘဏ်က အမေရိကန်ဒေါ်လာ သုံးသောင်း၊ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီး ချုပ်က အမေရိကန်ဒေါ်လာ လေးထောင်၊ ဂျပန်အစိုးရက စောင်အထည် ၆၀၀၀၀၊ အိပ်ရာလိပ် ၁၀၀၀နှင့် plastic sheet ၉၀၊ ဗီယက်နမ်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘဏ်မှ အမေရိကန်ဒေါ်လာ ၂၀၀၀၀ တန်ဖိုးရှိ သောက်ရေသန့်များ၊ ထိုင်းနိုင်ငံ Cargo Myanmar Co,.Ltd မှ အထုပ်တစ်ထုပ်တွင် ငါးသေတ္တာ ၂ ဘူး၊ ဆန် ၁ ကီလိုဂရမ်၊ ခေါက်ဆွဲခေါက် ၆ ထုပ်၊ စားသုံးဆီ ၁ ဘူး၊ ပါရာစီတမော့ဆေး ၂ ကတ်၊ တစ်သျှူး ၂ ထုပ်၊ ခြင်ဆေးခွေ ၂ ထုပ်၊ အမှိုက်အိတ် ၂၅ အိတ်တို့ ပါဝင်သော အထုပ်ပေါင်း ၅၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံအစိုးရမှ ထိုင်းဘတ်ငွေ ငါးသန်း၊   ကမ္ဘောဒီးယား နိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်း၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရက တရုတ်ယွမ်သိန်း ၃၀ တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၀နှင့် တစ်ဖာလျှင် (၁၂)ဘူးပါ ခေါက်ဆွဲဖာ ၁၀၀၀၀၊ နို့မှုန့်အိတ် ၁၀၀၀၀၊ မိုးကာတဲ ၁၀၀၀၊ ရန်ကုန်မြို့ရှိ တရုတ်သံအမတ်ကြီး H.E.Mr. Hong Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များက အစားအသောက်၊ ရေသန့်၊ အဝတ်အထည်၊ ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အိန္ဒိယနိုင်ငံအစိုးရမှ ဆန်၊ ရေသန့်စင်စက်၊ ဆေးဝါး အစရှိသည့်ပစ္စည်းများ၊ အမိုးအကာတဲများ၊ မီးစက်များ၊ လှေများ၊ တာပေါ်လင်များနှင့် အခြားအထောက် အကူပြုပစ္စည်များ၊ သြစတြီးယားနိုင်ငံရှိ ကမ္ဘာ့အဆင့် ၁ မီးသတ်ကားများ ထုတ်လုပ် သည့်Rosenbauer International AG ကုမ္ပဏီက ယူရို ၁၀၀၀၀ တန်ဖိုးခန့်ရှိ Power General ၁လုံး၊ Submerisible Pumps  ၂လုံးနှင့် သိုးမွေးစောင် ၂၅၀ တို့ကို လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ အဖွဲ့ဝင် ၁၀ ဦးပါ ဘလူးစကိုင်း ကယ်ဆယ် ရေးအဖွဲ့နှင့် စင်ကာပူကြက်ခြေနီအသင်းမှ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တန်ဖိုးရှိ အစားအစာများ၊ ခြင်ထောင်များ၊ သောက်ရေသန့်များ၊ တစ်ကိုယ်ရေ သန့်ရှင်း ရေးသုံးပစ္စည်းများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့အား စေလွှတ်မည်ဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးလ်၊ သြစတြေးလျနိုင်ငံ၊ နော်ဝေး၊ နယူးဇ်ီလန်တို့မှလည်း ပေးပို့ လှူဒါန်းနိုင်ရန် ဆက်သွယ်စီစဉ်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်  အိန္ဒိယနိုင်ငံ အစိုးရနှင့် ပြည်သူများက မန္တလေးတိုင်း ဒေသကြီး တံတားဦးလေဆိပ်သို့ ဆန်အိတ်(၉၆၀)၊ ၂၃၄ဒသမ ၅ ကီလိုဂရမ်  ခေါက်ဆွဲခြောက်များ၊ ၁၀၈၀ ဒသမ ၅ ကီလိုဂရမ်ရှိ ဆေးဝါးမျိုးစုံကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးလေဆိပ်သို့   ဆန်အိတ် (၁၈၀၀)၊ ခေါက်ဆွဲခြောက် (၃၅)ဖာ၊ ဆေးဝါးမျိုးစုံ (၃၅)ဖာကို လည်းကောင်း၊ WFP မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ကလေးဝမြို့များ အတွက် ဘီစကစ် (၄၄ ဒသမ ၁၀) တန်၊ ဆန်(၃၇၈ ဒသမ ၀၀) တန်၊ ပဲ (၅၀ ဒသမ ၄၀)တန်၊ ဆီ(၂၅ ဒသမ ၂၀)တန်၊ ဆား(၄ ဒသမ ၂၀)တန်ကိုလည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့အတွက် ဘီစကစ် (၆ ဒသမ ၃၁၉)တန်၊ ဆန်(၅၄ ဒသမ ၁၆၂)တန်၊ ပဲ(၇ ဒသမ ၂၂၂)တန်၊ ဆီ (၃ ဒသမ ၆၁၁)တန်၊ ဆား (၀ ဒသမ ၆၀၂)တန်ကိုလည်းကောင်း၊ ချင်းပြည်နယ် တွန်းဇံမြို့ အတွက် ဘီစကစ် (၀ ဒသမ ၃၉၄)တန်၊ ဆန်(၃ ဒသမ၃၇၅)တန်၊ ပဲ (၀ ဒသမ ၄၅၀)တန်၊ ဆီ (၀ ဒသမ ၂၂၅)တန်၊ ဆား (၀ ဒသမ ၀၃၈)တန်ကိုလည်းကောင်း၊ ချင်းပြည်နယ် တီးတိန်မြို့တို့အတွက် ဘီစကစ် (၀ ဒသမ ၄၇၃)တန်၊ ဆန်(၄ ဒသမ ၀၅)တန်၊ ပဲ (၀ ဒသမ ၅၄၀)တန်၊ ဆီ(၀ ဒသမ ၂၇၀)တန်၊ ဆား (၀ ဒသမ ၀၄၅) တန်ကိုလည်းကောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့အတွက် ဘီစကစ် (၀ ဒသမ ၅၃၄)တန်၊ ဆန်(၄ ဒသမ ၆၁၇)တန်၊ ပဲ (၀ ဒသမ ၆၁၆)တန်၊ ဆီ (၀ ဒသမ ၃၀၈)တန်၊ ဆား (၀ ဒသမ ၀၅၁)တန်တို့ကို လည်းကောင်း ဆက်လက်ကူ ညီမည်ဖြစ်ကြောင်းလည်း  သိရှိရသည်။

No comments:

Post a Comment