Wednesday, August 5, 2015

ညောင်တုန်းမြို့ ရေဘေးကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်လျက်ရှိ

ညောင်တုန်း သြဂုတ် ၅

ယနေ့ နံနက် (၁၀:၀၀) နာရီတွင် ညောင်တုန်းမြို့ အမှတ် (၅) ရပ်ကွက်၊ ကျွန်းထိပ်တာအတွင်း ရေပေါက် ဖြစ်ပေါ်နေခြင်း၊ နံနက် (၁၀:၀၀) နာရီတွင် ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းမြောက်ဆည်မြောင်းတာအတွင်း ရေပေါက်ဖြစ်ပေါ်နေခြင်း
နှင့် နံနက် (၁၀:၃၀) ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်းကြီး မြစ်ကမ်းတာ၊ တာအိခြင်းများအား ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများမှ သဲအိတ်များ ဖြင့် တာဖို့ခြင်း၊ ကတုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment