Sunday, August 9, 2015

မြန်မာနိုင်ငံသဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် သြဂုတ် ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဇွန်လနှင့် ဇူလိုင်လများ အတွင်း လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ စာရင်းအင်း အချက်အလက် များ၊ ပြန်လည် ထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေတို၊ ရေရှည် ဆောင် ရွက်သွားမည့် အစီအမံများကို ဌာနတစ်ခုချင်းစီမှ ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်း တင်ပြကြရာ ဆပ်ကော် မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်စွက် မှာကြားသည်။


ဆပ်ကော်မတီအနေဖြင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် ဒေသများ၌ ပျက်စီးဆုံးရှုံးခဲ့သည့် လမ်းတံတား၊ လူနေအိမ်၊ စိုက်ပျိုးမြေ၊ စာသင် ကျောင်း၊ ဆေးပေးခန်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများကို မူလအခြေအနေသို့ ဆောလျင်စွာ ပြန်လည် ရောက်ရှိရေးအတွက် ဒေသအလိုက် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစီအမံများ ချမှတ်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment