Tuesday, August 11, 2015

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီသို့ အလှူငွေများလာရောက် ပေးအပ်လှူဒါန်း


နေပြည်တော် သြဂုတ် ၁၁

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (၆) သို့ “ဝ” အထူးဒေသ (၂) မှ လှူဒါန်းငွေ  ကျပ်သိန်း (၆၀၀) ကို ဗဟိုကော်မတီဝင် ဦးအောင်မြင့်နှင့် မိုင်းလားအထူးဒေသ (၄) မှ လှူဒါန်းငွေ ကျပ်သိန်း (၆၀၀)ကို ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်အောင်တို့က မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ပြီး ရေဘေးသင့်ပြည်သူ များအားကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်မှ အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


(သတင်းစဉ်)

No comments:

Post a Comment