Tuesday, August 11, 2015

သာပေါင်းမြို့ ရေဘေးသင့်ပြည်သူများအားထောက်ပံ့





သာပေါင်းမြို့  အမှတ်  (၃)  ရပ်ကွက်  မြို့မမင်းကျောင်းရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့  ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချူပ် ဦးသိန်းအောင် တိုင်းမှူးဗိုဟ်ချူပ်လူအေး ခရိုင်အုပ်ချူပ်ရေးမှူး ဦးလှိုင်ထွန်းနှင့် သန္တိသုခ လူမှုကူညီရေးအသင်း  ပြင်ဦးလွင်မြို့မှ အလှူရှင်အဖွဲ့များရောက်ရှိလာကြပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန် ၂၀၀ အိတ်  ရေသန့်  ၁၀၀၀၀ ဗူး ခေါက်ဆွဲခြောက်

 ၅၀၀ ဖာတို့ပေးအပ်ရာ အခမ်းအနားသို့ အခမ်းအနားသို့ မြို့နယ် အုပ်ချူပ်ရေးမှူး ဦးစိုးမင်းထွဋ်  ဌာနဆိုင်ရာများ အမျိုးသမီးရေးရာ အဖွဲ့မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း  လူမှု့အဖွဲ့အစည်းများတတ်ရောက်ကြသည်။ တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးသိန်းအောင်မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး     ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ သည်။ ထိုနောက် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု့အားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment