Friday, August 28, 2015

ရှေးဟောင်းသမိုင်းဝင် တန့်ကြည့်တောင် ဘုရားပွဲတော်အတွက် အထူးရထားပြေးဆွဲပေး


ဆိပ်ဖြူ သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် တန့်ကြည့်တောင် စွယ်တော်မြတ် စေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ၀ါခေါင်လတွင် ကျင်းပလျက်ရှိရာ မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူ က ဘုရားပွဲတော် စည်ကားသိုက်မြိုက်ရေး၊ ဘုရားဖူး ခရီးသွားပြည်သူ အများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပခုက္ကူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့ လည်းကောင်း၊ ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့(၀ါခေါင်လဆန်း ၁၃ရက်နေ့မှ ၀ါခေါင်လပြည့်နေ့) သြဂုတ်လ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ဆိပ်ဖြူ-တန့်ကြည့်တောင်ကို နံနက် ၇နာရီ အချိန်တွင် လည်းကောင်း ပခုက္ကူ - တန့်ကြည့်တောင်ကို ညနေ ၄ နာရီ ၁၅ မိနစ် အချိန်များတွင် ပြေးဆွဲ ပေးလျက် ရှိရာ  တန့်ကြည့်တောင်ဘူတာမှ ဆိပ်ဖြူဘူတာ သို့ ညနေ ၄ နာရီခွဲ  အချိန်တွင် လည်ကောင်း တန့်ကြည့်တောင်-ပခုက္ကူသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၅ မိနစ် အချိန်များတွင် ပြန်လည်ထွက်ခွာကာ အချိန်မှန် ပြေးဆွဲလျက်ရှိသည်။


ဆိပ်ဖြူမြို့နယ် မြန်မာ့မီးရထား ရုံပိုင်ကြီး ဦးဇော်လင်းဦးက အထူးရထား ပြေးဆွဲမှုနှင့် ပတ်သက်၍ ပခုက္ကူ- ဆိပ်ဖြူ အချိန်မှန် ရထားကို လက်ရှိပြေးဆွဲချိန် အတိုင်းပြေးဆွဲပေးနေပြီး  ဘုရားပွဲတော် အထူးရထား စီနင်းခ တစ်ဦးလျင် ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် (၃၅၀)ကျပ်၊ ပခုက္ကူမှ တန်ကြည့်တောင် (၃၀၀)ကျပ် တို့ဖြင့် ပြေးဆွဲပေးထားကြောင်း သိရှိရသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment