Friday, August 28, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီကပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ( ၂၈-၈ -၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး (၂)ဦး၊ ပုံနှိပ်လုပ်ငန်း အသစ်လျှောက်(၁)ဦး၊ ထုတ်ဝေခွင့် သက်တမ်းတိုး(၁) ဦး၊ ထုတ်ဝေခွင့်အတွက်အသစ်လျှောက် ထားသူ ဂျာနယ်ထုတ်ဝေခွင့် (၅)ဦး ၊ မဂ္ဂဇင်း ထုတ်ဝေခွင့်(၁)ဦး၊ အထွေထွေထုတ်ဝေခွင့် (၁၉)ဦး နှင့် ပေါင်းလုပ်ငန်းအသစ် (၂၅)ဦး တို့အားလည်းကောင်း၊ ဂျာနယ် ထုတ်ဝေသူ အမည်ပြောင်း (၂)ဦး၊ ဂျာနယ်အမည်ပြောင်း(၁)ဦးနှင့် လုပ်ငန်းလိပ်စာပြောင်း (၁)ဦး တို့အား လည်းကောင်း အသိအမှတ်ပြုလက်မှတ်များထုတ် ပေးရန်ခွင့်ပြုပေးခဲ့ပါ သည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်းတိုး(၁၀၃၃)ဦးနှင့် အသစ်လျှောက်ထားသူ (၂၂၅)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် သက်တမ်းတိုး  (၉၈၉)ဦး နှင့် အသစ်လျှောက်ထားသူ (၅၄၇)ဦး၊ သတင်းအေဂျင်စီ လုပ်ငန်း အသစ်လျှောက်ထားသူ (၁၇)ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းအသိအမှတ်ပြု လက်မှတ် (၂၈၁၁)စောင် အားစိစစ် ခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါ သည်။ 

ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦးနှင့် ပုံနှိပ်သက်တမ်းတိုး လျှောက်ထား သူတစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment