Friday, August 28, 2015

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမသစ်ဖွင့်ပွဲနှင့် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး ၏ အာကာသဆိုင်ရာ အတွေ့အကြုံ ဟောပြောပွဲ ပြုလုပ်


မိတ္ထီလာ  သြဂုတ် ၂၈

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲနှင့် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး၏ အာကာသဆိုင်ရာ အတွေ့အကြုံ ဟောပြောပွဲကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ပင်မစာသင်ဆောင် ( ဦးခေါင်းပိုင်း ) တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းသစ် ဖွင့်ပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများအကြောင်း ပါမောက္ခချုပ် ဒေါက်တာကြည်သွင် က ရှင်းလင်း ပြောကြားသည်။ ၄င်းနောက် ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး Mr.Soichi Noguchi က အာကာသဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ကျောင်းသားများနှင့် ဆရာများ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဖြေကြားသည်။

ဂျပန်နိုင်ငံသား အာကာသယာဉ်မှူး  Mr.Soichi Noguchi  သည် ၂၀၀၅ ခုနှစ် ဇူလိုင်လက  အာကာသလွန်းပျံယာဉ် ဒစ္စကာဗာရီဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ အခြားနိုင်ငံများမှ အာကာသ ယာဉ်မှူးများနှင့် အတူ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အာကာသယာဉ်၏ အပြင်ဘက် (အာကာသထဲ)တွင်  စုစုပေါင်း ၂၀ နာရီ နှင့် ၅မိနစ်  လမ်းလျှောက်၍ အာကာသ လွန်းပျံယာဉ်၏ အပူကာပစ္စည်းများ ပြုပြင်ခြင်းကို ဦးဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် မေလက နိုင်ငံတကာ အာကာသစခန်းသို့  သွားရောက်မည့် အကြိမ် ၂၀ မြောက်အဖွဲ့တွင် ပျံသန်းရေး အင်ဂျင်နီယာ (Flight Engineer)  အဖြစ်လည်း Mr.Soichi Noguchi အားရွေးချယ်ခဲ့ ကြောင်း သိရသည်။    


မိတ္ထီလာခရိုင်ပြန်/ဆက် 

No comments:

Post a Comment