ပခုက္ကူ သြဂုတ် ၆
မကွေးတိုင်းဒေသကြီး
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်လျံတက်၍ ရေဘေးရှောင်ပြည်သူများအား ဆန်၊ ခေါက်ဆွဲ ခြောက်၊
ရေသန့်ဗူများထောက်ပံ့လှူဒါန်းခြင်းနှင့်ကျန်မာရေး စောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုကို
သြဂုတ်လ(၆)ရက်နေ့တွင် ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့် ခရိုင်အဆင့်
ဌာနဆိုင်အကြီး အကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်နှင့် ဌာနဆိုင်ရာများ၊
သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အဖွဲ့များက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်
မြင်းဝန်း၊အရှေ့ ငကျော်၊ အနောက်ငကျော်၊ ဘဲကြီး၊ အနောက်နံကပ်ကျွန် ကျေးရွာ များတွင်ဖွင့်လှစ်ထားသည့်
ရေဘေးကယ်ဆယ်ရေး စခန်းများအား ပခုက္ကူတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ အောင်မင်းဝင်းနှင့်
ဝန်ထမ်းများ ကျောင်းသား/ကျောင်းသူတို့မှ ငွေကျပ်သိန်း (၂ဝ)ကျော်တန်ဖိုးရှိ ဆန်အိတ်
(၆၈)အိတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှဝင်းနှင့်တပ်ဖွဲ့ဝင်တို့က ခေါက်ဆွဲခြောက်ထုပ်နှင့်
ရေသန့်ဗူးများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကဆန်အိတ်(၅)အိတ်၊ ပခုက္ကူမြို့
စေတနာအလှူရှင် ဦးကျော်တင့်မိသားစုက ဆန်(၅)အိတ် စုစုပေါင်းတန်ဖိုး(၂၇)သိန်း (၅)သောင်းခန့်တန်ဖိုးရှိ
ပစ္စည်းတို့ကို အဆိုပါကယ်ဆယ်ရေး စခန်းများရှိရေဘေးရှောင်ပြည်သူ (၄၅၃၃)တို့အား ထောက်ပံ့ပေးအပ်
လှူဒါန်းခဲ့သည်။ ၎င်းနောက်ခရိုင် အုပ်ချုပ်ရေးမှူးသည် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုခဲ့ပြီး ရေးဘေးရှောင်ပြည်သူများအား
အားပေး စကား များပြောကြား၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
ပခုက္ကူမြို့ပေါ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်လျက် ရှိသော ဘုန်းတော်ကြီးကျောင်း(၈)ကျောင်းအား
ဆန်အိတ်(၂ဝ) အိတ်၊ ခေါက်ဆွဲခြောက်ဗူးကြီးများကို ဆပ်ကပ် လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)
No comments:
Post a Comment