ကြံခင်း သြဂုတ် (၆)
ဧရာဝတီ တိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်ခြင်းကြောင့်
ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ရေဘေးသင့် ပြည်သူများကို စောင့်ရှောက်ထားရာ သြဂုတ်လ
၆ ရက်နေ့က တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ အထူးကုဆရာဝန်များက ကယ်ဆယ်ရေးစခန်းများရှိ
လူနာ ကျား(၉၁)ဦး၊ မ(၃၀၄)ဦး ပေါင်း(၃၉၅) ကို ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်အတွင်း ရေလွမ်းမိုးမှုများသော သောကြာဒူးအုပ်စု၊ ရေလယ်ကျွန်းအုပ်စုသို့
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဦးခင်ကျော်ညွှန့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်၊ ကျန်းမာရေးနှင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ အထောက်အကူပြု ကော်မတီများသည် မြစ်အတွင်းရှိ သောကြာဒူး၊ ရေလယ်ကျွန်းအုပ်စုတို့က
ကျေးရွာ(၂)ရွာမှ အိမ်ခြေ(၁၃)လုံး၊ဓမ္မာရုံ(၁)ရုံတို့အား ဖျက်၍ ရွှေ့ပြောင်း သယ်ဆောင်ပေးခြင်း၊
ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
.jpg)
No comments:
Post a Comment