ညောင်ဦး
သြဂုတ် ၉
ညောင်ဦးတွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်
ရေ၀င်ရောက်သည့် မြစ်လယ်ကျွန်းကျေးရွာများနှင့် မြစ်ကမ်းနံဘေးရှိ ရပ် ကွက်/ကျေးရွာများမှ
ရေဘေးရှောင်ပြည်သူများအား ရေ၀င်ရွေ့ပြောင်း ယာယီနားခိုစခန်းများ ဖွင့်လှစ်၍ ရွေ့ပြောင်းနေရာချထား ပြီးဖြစ်သည်။
အဆိုပါ ရေ၀င်ရွေ့ပြောင်းယာယီနားခိုစခန်းများသို့
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ လူမှုရေးအသင်းအဖွဲ့များ၊
စေတနာရှင် အလှူရှင်များက ကယ်ဆယ်ပစ္စည်းမျိုးစုံနှင့် ဆေးဝါများ၊ အ၀တ်အထည်များကို လာရောက်လှူဒါန်းလျက်ရှိသည်ကို
ကြည်နှူးဖွယ် နေ့စဉ်မြင်တွေ့နေ ရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ရေ၀င်ရွေ့ပြောင်းယာယီနားခိုစခန်းများ ရေးဘေးရှောင်ပြည်
သူများအတွက် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံ၊ ဆေးဝါး၊ အ၀တ်အထည်များ လှူဒါန်းမှုတန်ဖိုးများမှာ
ဇူလိုင်လ ၃၁ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့ထိ ငွေကျပ် (၁၃၄၇၀၃၀၂)၊ သြ ဂုတ်လ ၄ရက်နေ့တွင် ငွေကျပ်
(၃၅၁၇၀၀၀)၊ သြဂုတ်လ ၅ရက်နေ့တွင် ငွေကျပ် (၁၄၇၉၅၀၀)၊ သြဂုတ်လ ၆ရက်နေ့တွင် ငွေကျပ် (၂၆၀၃၆၅၀)၊
သြဂုတ်လ ၇ရက်နေ့တွင် ငွေကျပ် (၇၃၅၆၁၆၀)၊ သြဂုတ်လ ၈ရက်နေ့တွင် ငွေကျပ် (၆၇၃၀၀၈၀၀)ဖြစ်ပြီး
စုစုပေါင်း ပစ္စည်းမျိုးစုံ၏ တန်ဖိုးငွေကျပ် (၉၅၇၂၇၄၃၀)ခန့် အလှူခံရရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment