Monday, August 31, 2015

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဗဟိုဌာနနှင့် နှစ်ဖက် နားလည်မှု စာချွန် လွှာ လက်မှတ်ရေးထိုး

နေပြည်တော်။      သြဂုတ်(၃၁)
ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနအဖွဲ့ IRRI (အီရီ) နှင့်  ရေဆင်းစိုက်ပျိုးရေးသုတေသနတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် အကောင်အထည်ဖော်ရန် နှစ်ဖက် သဘောတူညီချက်နှင့် IRRI နှင့် ရေဆင်းစိုက်ပျိုးရေး သုတေသနတို့အကြား လူသားအရင်းအမြစ်နှင့် ပညာရှင်များ ပူးပေါင်းလေ့ကျင့် မွေးထုတ် ပေးရန် အပြန်အလှန် လက်မှတ်ရေးထိုး သဘောတူညီချက်အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦွးမင့်လှိုင်သည် IRRI နှင့်  ကမ္ဘာ့ဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များအား မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုတေသနလုပ်ငန်းများ၊ ပညာရှင်မွေးထုတ်ခြင်းလုပ်ငန်းများနှင့် နှစ်ဖက် ပူးပေါင်း၍ သုတေသန ပညာပေးစိုက်ကွင်းများ ထူထောင်အကောင်အထည်ဖော်နိုင်ရန် အတွက် ဆွေးနွေးကြသည်။
ထို့နောက် IRRI မှ ညွှန်ကြားရေးမှူးချုပ် Dr. Matthew Morell နှင့် ရေဆင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က သုတေ သန လုပ်ငန်းဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး နှစ်ဘက်နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးပြီး စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ်နှင့် IRRI မှ ညွှန်ကြားရေးမှူးချုပ်တို့က သုတေသနလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ရန် သဘောတူညီချက် စာချုပ်များကို  အပြန်အလှန် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက် ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်း ကျေးရွာအနီး ဒက္ခိဏခရိုင် ထွန်တုံးပိတ် မိုးစပါးပွဲတော်အခမ်းအနား၌ ရန်အောင်မြင်ကျေးးရွာ၊ ချိုင်းကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ အောင်သုခကျေးရွာ၊ အလျင်လို ကျေးရွာတို့မှ တောင်သူလယ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာနယူးဧရာစိုက်ပျိုးရေး ကုမ္ပဏီ၏ ပုလဲသွယ်စပ်မျိုးစပါး F-1 မျိုးစေ့ထုတ်စိုက်ကွင်း၌ အဖိုလိုင်း၊ အမလိုင်းများ စိုက်ပျိုးပြီးစီးမှုများကို ကြည့်ရှု အားပေးသည်။

ဒက္ခိဏခရိုင်၌ မိုးစပါး လျာထားဧက (၈၅၂၉၁ - ရှစ်သောင်းငါးထောင် နှစ်ရာ ကိုးဆယ့်တစ် ဧကရှိပြီး (၈၅၄၇၅ - ရှစ်သောင်းငါးထောင် လေးရာခုနစ်ဆယ့်ငါးဧက စိုက်ပျိုး နိုင်ခဲ့ရာ ထွန်တုံးပိတ်ချိန်၌ ဒက္ခိဏခရိုင်၏ လျာထားချက်အပေါ် (၁၀၀.၂၁ ရာခိုင်နှုန်း) စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment