Monday, August 31, 2015

ရေဘေးသင့်ပြည်သူများအတွက် အလှူပစ္စည်းများလက်ခံရရှိ

နေပြည်တော် သြဂုတ် ၃၁
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ နေပြည်တော်ရုံးများသို့ အလှူရှင်များက လာရောက်လှူဒါန်း လျှက်ရှိ
ရာ သြဂုတ် ၃၀ ရက်က ခေါက်ဆွဲခြောက် (၂၅)အိတ်၊ ဓာတ်မီး (၂)အိတ်၊ အ၀တ်အထည် (၇၅) အိတ်၊ အချိုရည် (၆၇)ကဒ်၊ ရေသန့်(၇၈၃ ကဒ်/ ၅အိတ်)၊ ဆေး (၈)အိတ်၊ မုန့်ခြောက် (၁၅) အိတ်၊ ဆား (၁)ဖာ၊ ငါးသေတ္တာ (၂)အိတ်၊ စတီးဒန်အိုး (၂၁)ခု၊ ထွန်းပန်းပေါင်းစုံ ဒဏ်ကြေလိမ်းဆေး ၇၀ (ပုံး)၊ အစာဖြေဆေး ၄၀ (ပုံး)၊ အခိုးပွင့်အဖျားပျောက်ဆေး ၅ (အိတ်)၊ ချောင်းဆိုးပျောက်ဆေး ၄၀ (ထုပ်)၊ သံပုရာအနာလိမ်းဆေး ၂၀ (ထုပ်)၊ ချွဲသလိပ်ကြေရင်လူးဆေး ၂၀ (ထုပ်)၊ ဘိလပ် မြေ (၂၀၀) အိတ် တို့ကို လက်ခံရရှိ ခဲ့သည်။

ထို့အတူ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် အ၀တ်အထည်  (၁၁) အိတ်၊ ရေသန့်ဘူးကဒ် (၃၀၀) တို့ကို လက်ခံရရှိခဲ့သည်။ အဆိုပါ အလှူပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ် ကြောင်းသိရသည်။ 

No comments:

Post a Comment