သရက်
သြဂုတ် ၉
မကွေး တိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်
အတွင်းရှိ ရေဘေးရှောင် ပြည်သူများအတွက် တေဇ(၂၂)မှ
လှူဒါန်း သည့် ဆန်(၈၈)အိတ်၊ဆီ(၅၅၀)ပိဿာ လှူဒါန်းပွဲကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး
တွင် ယနေံနံနက် (၁၀)နာရီက ကျင်းပရာ အလှူရှင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ
တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင်က ပေးအပ်လှူဒါန်းရာ မကွေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ
ဥက္ကဌတို့မှ လက်ခံခဲ့သည်။
စုစုပေါင်း ပစ္စည်းတန်ဘိုး မှာ ကျပ်(၃၁)သိန်း(၉)သောင်းဘိုး
လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်ခရိုင်
ပြန်/ဆက်)

No comments:
Post a Comment