Monday, August 10, 2015

ကလေးမြို့ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေး


ကလေး  သြဂုတ်  ၁၀
ကလေးမြို့ တွင် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၃ ရက်အထိကလေးမြို့ နယ်အတွင်းရှိကျေးရွာများ ရေကြီးနစ်မြုပ် ခဲ့ရသည့်အတွက် မြို့ ပေါ်ရှိဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ရေဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးစခန်းများဖွင့် လှစ် ကာနေထိုင်လျက်ရှိကြောင်းသိရသည်။



အဆိုပါကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအနေဖြင့် ရေနစ်မြုပ်နေစဉ် အိမ်ထောင်စုဇယားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား များရေနှင့် အတူပျောက်ဆုံးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။  ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ၀န်ထမ်းများက ကယ်ဆယ်ရေးစခန်းတိုင်းတွင် သြဂုတ် ၃ ရက်မှ စ၍ စာရင်းများကောက်ယူခြင်း၊ စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကတ်ပြားများ၊ အိမ်ထောင်စုဇယား များနေ့ ချင်းပြီး ထုတ်ပေးလျက်ရှိသည်။
“ရေကအစကဒီလောက်တက်မယ် မထင်ဘူး။ ပစ္စည်းတွေတော့ သိမ်းထားတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စု စာ ရင်းနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေကိုအိတ်နဲ့ ထည့်ထားတယ်။ ညရောက်တော့ ရေကအမှတ်မထင် တက်လာ တယ်။ အိမ်သားတွေနဲ့  ပစ္စည်းတွေတချို့ သယ်ပြီးရေလွတ်တဲ့ နေရာကိုပြောင်းရွှေ့ ရတယ်။ နှစ်ခါပြောင်းရတော့ ပစ္စည်းတွေပြန်စစ်မှ မှတ်ပုံတင်ထည့်ထားတဲ့ အိတ်မရှိတော့ဘူး။ အခုလိုမှတ်ပုံတင် ချက်ချင်းပြန်လုပ် ပေးမယ်လို့ လည်းမထင်ပါဘူး။ အခု မထင်မှတ်ဘဲဌာနမှ လူကြီးတွေကမှတ်ပုံတင်ပြန်လုပ်ပေးတယ်ဆိုတော့ ၀မ်းသားတာက ပြောလို့မဆုံးပါဘူး။ ကျွန်တော့ လိုပဲတခြားလူတွေ လည်း ၀မ်းသာကြမှာပါ” ဟုကယ်ဆယ်ရေး စခန်းတွင် လာရောက် နေထိုင်သော ပင်လုံနယ်မြေမှ မှတ်ပုံတင်ပြန်ရသူ တစ်ဦးက အားပါး တရ ပြောကြား ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံရေး ဦးစီးဌာနက ကလေးမြို့ပေါ် ကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် အိမ်ထောင် စာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ထုတ်ပေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ ဆောင် ရွက် ပေးလျက် ရှိကြောင်းသိရသည်။

No comments:

Post a Comment