ဟင်္သာတ
သြဂုတ် ၁၀
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်
ဦးဆောင်သော စေတနာရှင်အဖွဲ့သည် သြဂုတ် ၁၀ရက် နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့သို့ ရောက်ရှိပြီး ဟင်္သာတ
မြို့နယ်အတွင်းရှိ ရေဘေးသင့် မိသားစုများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို ဆည်မြောင်းရိပ်သာ
မြနဒီခန်းမတွင် ကျင်းပပြီး အခမ်းအနားတွင် ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦးက မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေမှုများ၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး
လုပ်ငန်းများ အတွက် စီစဉ် ဆောင်ရွက် ထားမှုများနှင့် နေရာဒေသ အသီးသီးတို့မှ လာရောက်
လှူဒါန်းကြသော စေတနာရှင် အလှူရှင်များ အားလုံးတို့ကို ဟင်္သာတမြို့နယ် ပြည်သူများ ကိုယ်စား
အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု
တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း မိန့်ကြားသည်။
ယင်းနောက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်
ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီများထံသို့ ဒေါ်နန်းရွှေမှုန်နှင့် စေတနာရှင်များက အလှူငွေနှင့်
ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။

No comments:
Post a Comment