Tuesday, August 11, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော် သြဂုတ် ၁၁ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်သည် ယနေ့နံနက် (၁၀) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင်   နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ရေဘေးသင့် ဒေသများသို့ ထောက်ပံ့ကူညီခဲ့မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။


တွေ့ဆုံရာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment