နေပြည်တော် သြဂုတ် ၁၁
(၃၇)ကြိမ်မြောက် အလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်မည့်
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး H.E. Proceso Jaraza Alcala သည် ဖိလစ်ပိုင်နိုင်ငံ
သံရုံးမှ အတွင်းဝန် Ms. Maria Lourdes နှင့် ပညာရှင်များလိုက်ပါလျက် ယနေ့ နံနက်(၉)
နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် အပြန်အလှန်
ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ဆန်စပါးသီးနှံအပါအဝင် မျိုးစေ့ထုတ်လုပ်ငန်း ကို
ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ အကြား လယ်ယာကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားကြမည့် လုပ်ငန်းများကို
ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီး နည်းပညာဆိုင်ရာအဖွဲ့ Technical Team များကို အပြန်အလှန်
စေလွှတ်ရေး သဘောတူညီခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က (၃၆)ကြိမ်မြောက် အာဆီယံ (၁၀)နိုင်ငံ
လယ်ယာ၊ သား၊ ငါး၊ သစ်တောဆိုင်ရာ အလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်
ကျင်းပဆောင်ရွက်ခဲ့သည့် အစည်းအဝေး ဗီဒီယိုမှတ်တမ်းနှင့် သတင်း မှတ်တမ်းများကို ပြသရှင်းလင်းပြီး
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးထံသို့ မှတ်တမ်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဧည့်သည်တော်နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်၊
မယ်ဇလီကုန်းကျေးရွာရှိ မြန်မာ့လယ်ယာ စီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ တစ်နေ့တန်
(၂၂၀)ကျ ဆန်စက်သို့လည်းကာင်း၊အလျင်လိုကျေးရွာ တစ်ကွင်းတစ်ဆက်တည်း စပ်မျိုးစပါး မျိုးစေ့ထုတ်
ဆောင်ရွက်နေသော စိုက်ကွင်းအား လည်းကောင်း၊
ဥတ္တရသီရိမြို့နယ် တစ်ဆက်တစ်စပ်တည်း တောင်သူပညာပေး ဧက(၉၀၀) စိုက်ကွင်းအတွင်း
ဖြစ်ထွန်းအောင်ြမင်နေသော ဓါတုကင်းလွတ် သင်္ဘောသီးစိုက်ခင်း၊ ခရမ်းသီး စိုက်ခင်း၊ ငရုတ်သီးနှံစိုက်ခင်း၊
ကညွတ်သီးနှံစိုက်ခင်း၊ စင်တင် ဗူးသီးနှံစိုက်ခင်း၊ ချည်မျှင် ရှည်ဝါစိုက်ခင်းနှင့်
တစ်ဆစ်ချင်းစီ ပျိုးထောင် စိုက်ပျိုးထားသော ကြံသီး နှံ စိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ စိုက်ကွင်းရှင်းလင်းဆောင်၌ ခင်းကျင်းပြသထားသော စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ
သုတေသနပြု မျိုးစပ် ထုတ်လုပ်ထားသော စပါးသီးနှံ အပါအဝင် နှံစားသီးနှံ မျိုးစေ့ အုပ်စုများ၊
ပဲသီးနှံ အမျိုးမျိုးကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်းကောင်း၊
စက်မှုသီးနှံဦးစီးဌာနမှ ပြသထားသော တန်ဘိုးမြင့် ကုန်ချောပစ္စည်းများနှင့် စက်မှုကုန်ကြမ်းသီးနှံ
မျိုးကောင်း မျိုးသန့် မျိုးစေ့များ၊ ချည်မျှင် ရှည်ဝါ မျိုးကောင်း မျိုးသန့် မျိုးစေ့များ၊
ကြံ မျိုးကောင်း မျိုးသန့်များကို ကြည့်ရှု အားပေး ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment