နေပြည်တော်၊ သြဂုတ် ၁၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည်
သြဂုတ် (၇)ရက်မှ (၁၀)ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် ကျေးရွာများသို့ သွားရောက်၍ ကျေးရွာရပ်မိရပ်ဖများ၊
ဒေသခံများ၊ ရေဘေးသင့်ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး
လိုက်လံ နှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က မင်းကင်းမြို့နယ်အတွင်းရှိ
ကျေးရွာ(၇၇)ရွာတို့မှ ရေဘေးသင့် အိမ်ထောင်စု (၇၇၆၈)စုတို့ကို ဆန်(၉၅၀) အိတ်၊ ငါးခြောက်(၂၂၆၅)ပိဿာ၊
ကြက်သွန်နီ(၂၂၅၀)ပိဿာ၊ အာလူး (၂၂၅၀) ပိဿာ၊ ဆား(၃၇၅၀)ပိဿာ၊ ရေသန့်(၂၀)လီတာ (၁၀၀)ဗူး၊
ရေသန့်(၁)လီတာ (၁၀၃၉၂)ဗူး၊ ကျား/မ လုံချည်နှင့် အင်္ကျီ (၁၅၀၀၀)ထည်၊ ဘီစကွတ်မျိုးစုံ
(၄၃)ဖါ၊ အချိုရည် (၃၂၄၀)ဗူး၊ ဓါတ်ဆား (၃၀၀၀၀)ထုပ်၊ ငါးသေတ္တာ (၁၉၉၂)ဗူး၊ ဖိနပ် (၃၀၀၀)ရံ၊
အိုဗာတင်း (၅)ဖါ၊ ဆပ်ပြာမှုန့် (၅၀၀)ထုပ်၊ ကလိုရင်းဆေးရည်နှင့် ဆေးဝါးပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ပြီး
ရေတိုက်စား မှုကြောင့် နေအိမ်မျှောပါ ပျက်စီးဆုံးရှုံးခဲ့သည့် အူကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာ
တို့မှ အိမ်ထောင်စု(၁၅)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၃၀၀၀၀)စီ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment