Friday, August 7, 2015

မအူပင်ခရိုင်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာများသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မအူပင် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ရေဝင်ရောက်နေသည့် ကျေးရွာများသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့နယ် အောက်ထုံးကျေးရွာ ကမ်းပြိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံကော်မတီဝင်များ၊ ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအဖွဲ့ဝင်များ၊ စည်ပင် ကော်မတီနှင့် ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ လူမှုရေးအသင်းအဖွဲ့ စုစုပေါင်းအင်အား ၂၀၀ဖြင့် နေအိမ်များ ပြောင်းရွှေ့မှု စီစဉ်ပေးခြင်း၊ ငါးဖယ်အို၊ ကျွဲဂတ်ကျေးရွာများသို့ ဆန် (၅) အိတ်၊ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပန်းတနော်မြို့နယ်တွင် ရေဘေးသင့်နေသည့် မိသားစုဝင်များအား ရေဘေးရှောင်စခန်းများသို့ ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအင်အား (၄၅) ဦးဖြင့် ကူညီရွှေ့ပြောင်းပေးခြင်း၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့ စုစုပေါင်းအင်အား (၁၀၀) မှ နေအိမ် (၁၁၆) လုံးကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထား ပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ညောင်တုန်းမြို့နယ်တွင် မှော်ဘီတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝင်းကိုကို၊ အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသက်ဦး၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှု ဗိုလ်မှူးကြီး ရဲရင့်ဝင်း၊ ခလရ (၁၁) မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မှော်ဘီတပ်နယ်မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ဇင်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးသန်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အမှတ် (၉၀၅) တပ်ရင်း၊ ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအဖွဲ့များနှင့် ပြည်သူလူထု အင်အား (၂၀၀၀) ဖြင့် ညောင်တုန်းမြို့ ၁၂ လမ်း ၊ ရပ်ကွက် (၆) ထိပ်၊ လမ်း ၃၀၊ ပါလှဲ့၊ စွန်တနီး၊ ဂုံမင်းဆိပ်၊ ချောင်း    ကြီး၊ ကျူံရစ်၊ ကွမ်းသီးပင်၊ ရပ်ကွက် (၅)၊ ရပ်ကွက် (၁) ညောင်ဝိုင်းတို့တွင် မြစ်ကမ်းတာရေကျော်မှု မရှိစေရေး သဲအိတ်များဆင့်၍ ကာကွယ်ခြင်း၊ ရေခွေခြင်းများ ပြုလုပ်၍ ကာကွယ်ခြင်း၊ ကတုတ်တန်း များရိုက်ခြင်း၊ အရန်ပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ရေကင်းများချထား စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်း (ပြန်/ဆက်)


No comments:

Post a Comment