နေပြည်တော် သြဂုတ် ၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရေး ရေကင်းများချထားပြီး စောင့်ကြပ်ကြည့်ရှုဆောင်ရွက်လျက်ရှိရာ
ယနေ့ညနေ ၆ နာရီ တိုင်းထွာချက်အရ ရေလှောင်တမံကြီး ၃၉ ခုတွင် သတ်မှတ်ရေလှောင်ပမာဏပြည့်မီသဖြင့်
ရေပိုလွှဲများမှ ရေထုတ်လွှတ်လျက်ရှိပြီး တာတမံများကျိုးပေါက်မှုမရှိကြောင်း၊ ရေလှောင်တမံကြီးများနှင့်
ရေလှောင်တမံ ၂၂ ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီ ခြင်းမရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

No comments:
Post a Comment