Wednesday, August 5, 2015

ညောင်တုန်းမြစ်ရေ ယမန်နေ့က ၂၅.၇ ပေ ရှိရာမှ ယနေ့ နံနက် ၂၅.၆ ပေဖြင့် ရပ်တန့်ရာမှ အနည်းငယ်ကျဆင်း

ညောင်တုန်း သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သြဂုတ် ၄ ရက်နေ့က မြစ်ရေအခြေအနေမှာ ၂၅.၇ပေရှိ၍ လိမ္မော်ရောင်အဆင့် သတ်မှတ် ခဲ့ပြီး မြေနိမ့်ပိုင်းဒေသတွင် ရောက်ရှိနေသည့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာ (၄) ရွာတို့ကို ခေတ္တ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းစေခဲ့ ပါသည်။


ယနေ့နံနက် ၁၀း၀၀နာရီ တိုင်းထွာချက်အရ ညောင်တုန်းမြစ်ရေသည် ၂၅.၆ ပေ ဖြစ်သဖြင့် ရပ်တန့်ရာမှ အနည်းငယ် စတင်ကျဆင်း နေပြီဖြစ်ကြောင်း သိရသည်။ လိုအပ်သည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ မှုများကို တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment