Wednesday, August 5, 2015

မိုင်းတုံ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့ချင်းဆက် တံတားကျိုးကျမှုအား အမြန်ဆုံးပြပြင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်


မိုင်းတုံ သြဂုတ် ၎
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးများသည်းထန်စွာရွာသွန်းသောကြောင့် နမ့်တုံ ချောင်း ရေကြီးရေ လျှံမှုဖြစ်ပေါ်ကာ သြဂုတ် ၃ ရက် နေ့လည် ၁၂ နာရီက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆-မိုင်ကျေးရွာအနီးရှိ အရှည်ပေ(၆၀)၊ အကျယ်(၁၈)ပေရှိ နမ့်တုံချောင်းကူး ကွန်ကရစ်တံတားကျိုးကျ ပျက်စီးသွား သဖြင့် လမ်းပန်းဆက်သွယ်ရေး
 


ပျက်တောက်ခဲ့ပြီး နောင်ပါရင် ရပ်ကွက်ရှိ အိမ်ခြေ(၅၀)၊ မြို့မရပ် ကွက်ရှိ အိမ်ခြေ (၂၀)နှင့် လယ်မြေဧက(၂၀)တို့ ရေမြှပ်၍ လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ သေကြေပျက်စီးမှု မရှိကြောင်း၊ ညနေ ၄ နာရီခန့်တွင် ရေပြန်လည်ကျဆင်းကြောင်း သိရသည်။
အဆိုပါ တံတားကျိုးကျမှုကြောင့် အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် သြဂုတ် ၄ ရက်နေ့က မိုင်းဆတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မိုင်းတုံမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ဇင်နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က သွားရောက် စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment