ပွင့်ဖြူ သြဂုတ် ၁၂
ပွင့်ဖြူမြို့နယ်တွင်
ဇူလိုင်လ(၃၀)ရက်နေ့က မုန်းချောင်းရေဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော မြောင်းလက် တံနှင့်
မြောင်းမကြီးတို့၏ ရေကြီးကျိုးပေါက်သွားသော တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း
မြောင်းမကြီး တစ်လျှောက်တို့တွင် ယခုအခါ မြောင်းကျိုးဖို့ခြင်းနှင့် သဲနှုံးတူးဖော်ခြင်းလုပ်ငန်းများအား
မြို့နယ်ဆည်မြောင်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် လျက်ရှိရာ ဆည်မြောင်း မြောင်းဘောင်
(၈၅၀၀) ပေ ကျိုးပေါက်ခဲ့ခြင်း၊ သဲနှုံးတူး ဖော်ရန် လိုအပ်သော ပေရှည် (၃၄၇၇၀၀) ပေဖြစ်၍
ဆုံရှုံးမှု တန်ဖိုးအနေဖြင့် မြောင်းဘောင်ကျိုးပျက်မှု ကျပ်သန်းပေါင်း (၅၄) သန်းနှင့်
သဲနှုံးတူးဖော်ရန် ကျပ်သန်းပေါင်း (၁၂၄၆) သန်းဖြစ်ပြီး တောင်သူဦးကြီးများ မိုးစပါးအချိန်မီ
စိုက်ပျိုးနိုင် ရန်အတွက် ယခုအချိန်အထိ မြောင်းဘောင်ကျိုးပျက်မှုအား (၆၇၆၄) ပေ ပြင်ဆင်
ဆောင်ရွက်ပေးထားပြီး သြဂုတ်လ (၁၁) ရက်နေ့မှ စတင်၍ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း
မြောင်းမကြီး တို့အား ရေပေးဝေလျက်ရှိရာ လုပ်ငန်း အားလုံးကို သြဂုတ်လ (၁၅) ရက်နေ့တွင်
အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (
ပြန်/ဆက်)

No comments:
Post a Comment