ပုသိမ်
သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် သြဂုတ်လ (၁၀) ရက်နေ့က ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့်
ရေကာတာအပြင်ဘက်တွင် ရေ ၈ ပေခန့် ဝင်ရောက်လာသဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်
ကျေးရွာ အုပ်စုရှိ နေအိမ်(၅၂) လုံး၊ လူဦးရေ ကျား (၉၅) ဦး၊ မ (၁၁၇) ဦး ၊ စုစုပေါင်း(၂၁၂) ဦးအား ပိတောက်ပင် ကျေးရွာ၊
အမကသို့လည်းကောင်း၊ ကျွန်းလျားကျေးရွာအုပ်စု ၊ဒါးကဝကျေးရွာမှ နေအိမ် (၄၀) လုံး ၊လူဦးရေ
ကျား (၈၈)ဦး၊မ (၈၀)ဦး၊ စုစုပေါင်း (၁၆၈)ဦး၊ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊
အိုးဖိုကျေးရွာရှိနေအိမ်(၂၄)လုံး၊ ကျား (၆၀)ဦး၊ မ (၅၄) ဦး၊ စုစုပေါင်း (၁၁၄)ဦးအား
အိုးဖိုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ညောင်ချောင်းကျေးရွာရှိ နေအိမ်(၇)
လုံး၊ ကျား(၁၂)ဦး၊ မ(၂၂)ဦး အား ညောင်ချောင်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ပြောင်းရွှေ့
နေရာချထားပေးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ
ပုသိမ်ခရိုင်၊ရေကြည်မြို့နယ် သြဂုတ် (၁၀) ရက်နေ့ (၁၇း၃၀)နာရီအချိန်တွင် အသုတ်ချောင်းရေမြင့်တက်လာမှု
ကြောင့် အသုတ်ကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း -မိုင်တိုင်(၄၂/၂)နှင့် (၄၂/၅) ကြား
ကားလမ်းအရှည်ပေ (၁၀၀) ခန့်တွင် ရေ (၃)လက်မ ထိ နစ်မြုပ်လျှက်ရှိပြီး၊ ကြာကန်ကျေးရွာအုပ်စု
၊ဇရပ်ဝိုင်းကျေးရွာအနီး၊ ရေကြည်-ဟင်္သာတလမ်း၊ မိုင်တိုင်အမှတ် (၄၀/၆) နှင့် (၄၀/၇) ကြားပေ
(၁၀၀) ခန့်တွင် ရေ(၆) လက်မခန့် ၊ ရေမြုပ်လျှက် ရှိကြောင်းသိရသည့်အပြင် ပုသိမ်ခရိုင်၊
ကျောင်းကုန်းမြို့နယ်တွင် သြဂုတ် (၁၀) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဒါးကမြစ်ရေ
မြင့်တက်လာခြင်း တို့ကြောင့် ရပ်ကွက်/ ကျေးရွာအုပ်စု(၁၇) စုရှိ အိမ်ထောင်စု(၃၆၂) စု၊
လူဦးရေ ကျား(၄၂၄၃)ဦး၊ မ (၄၂၈၄) ဦး စုစုပေါင်း(၈၅၂၇)ဦး တို့အား ရေလွတ်ရာနေရာများသို့
ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းသိရှိရသည်။
၎င်းအပြင်
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်၊ သြဂုတ်လ (၁၀) ရက်(၁၄း၃၀) နာရီအချိန်တွင် ငဝန်ကြို့ကုန်း ကျေးရွာအုပ်စု၊ ကွင်းစုကျေးရွာတွင်
ရေကြီးနစ်မြုပ်မှုကြောင့် ဦးမင်းလွင် (ဘ) ဦးစိန်မြ၏ ဓနိမိုး ထရံကာ နေအိမ်တစ်လုံးပြိုကျ
ပျက်စီးသဖြင့် ၊ အဆိုပါနေအိမ်မှ မိသားစု(၃) ဦးအား လိုအပ်သောကူညီမှုများ ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရှိရပါသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment