Wednesday, August 12, 2015

ရေကြည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာထိပ် လယ်ကွင်းရေပြင်၌ စက်လှေတိမ်းမှောက်


ရေကြည် သြဂုတ် ၁၂

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာထိပ် လယ်ကွင်းရေပြင်၌ သြဂုတ်လ ၁ဝ ရက် ညနေ နာရီခန့်က ကျောင်းသားစက်လှေတစ်စီး တိမ်မှောက်မှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဦးဝင်းအောင် မောင်းနှင်သော ဟွန်ဒါအမျိုးအစားစက်တပ်ယာဉ်အား တောင်ယာကြီးကျေးရွာမှ ထွက်ခွာခဲ့ပြီး ဥသျှစ်ကုန်းရွာထိပ် ရေအနက် ပေခန့်ရှိ လယ်ကွင်းပြင်အရောက်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လေများတိုက်ခတ်သဖြင့် စက်လှေတိမ်းမှောက်သွား၍ ဦးဝင်းအောင်ပါ ဦးမှာ စက်လှေအား ဖက်တွယ်မိပြီး အသက်ရှင်ကာ မအေးအေးအောင် (၁၅)နှစ်(ဘ)ဦးဝင်းအောင် န၀မတန်းကျောင်းသူ ၊ မမြင့်မြင့်ဝင်း(၁၃)နှစ် (ဘ)ဦးဝင်းအောင်  သတ္တမတန်းကျောင်းသူ၊ မမြင့်မြင့်မိုး(၁၂)နှစ်(ဘ)ဦးရွှေလုံး ပဉ္စမတန်းကျောင်းသူတို့မှာ ရေနစ်   သေဆုံသွားသဖြင့် စက်တပ်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးဝင်းအောင်အား အသုတ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်သူထက်က တရားလိုပြုလုပ်၍ တရားခံဖမ်းဆီးစစ်ဆေးအမှုဖွင့်ဆောင်ရွက်လျှက်ရှိသည်။ နောက်ဆက်တွဲ သတင်းအနေဖြင့် ရေကြည်မြို့နယ်အတွင်းရှိ အထက၊ အလက၊ အမက ကျောင်းများအားလုံး သြဂုတ်လ ၁၁ ရက်နေ့မှ စ၍ ကျောင်းများကို ခေတ္တ ပိတ်ထားကြောင်း သိရှိရသည်။



ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment