Saturday, August 8, 2015

သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး


ရန်ကုန် -ဩဂုတ် ၈

သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့်  ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ယုဇနတာဝါရှိ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အစည်းအဝေး ခန်းမ၌ကျင်းပသည်။


ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာကြသူများက သတင်း မီဒီယာ ကောင်စီတွင် ရွေးချယ်တင်မြှောက် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ မူဝါဒ များ၊ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက် သည်။


(သတင်းစဉ်)

No comments:

Post a Comment