ရန်ကုန်
သြဂုတ် ၇
ကုလသမဂ္ဂ၏
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ သည်
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ
(MPC)
သို့သွားရောက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
(UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD)တို့၏တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ်(NCA)
အချော သပ်နိုင်ရေးအတွက် (၉)ကြိမ်မြောက် အစည်းအဝေးကျင်းပနေမှုကို သွားရောက်လေ့လာ ခဲ့ကြောင်းသိ ရသည်။
ထို့နောက်မစ္စရန်ဟီလီသည်
နေ့လယ်ပိုင်းတွင် သိမ်ဖြူလမ်းရှိရန် ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကျာင်းတိုက်တွင်
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ ကာဒီနယ်ချားလ်ဘိုကို သွားရောက်ဂါဝရပြု တွေ့ဆုံနှုတ်ဆက်သည်။
ညနေပိုင်းတွင်
မစ္စရန်ဟီလီသည်ရန်ကုန်မြို့ရှိကုလသမဂ္ဂရုံးတွင် နိုင်ငံခြားသံတမန်များနှင့်တွေ့ဆုံခဲ့ပြီး
ည၈နာရီ အချိန်တွင် ယင်းရုံး၌ပြည်တွင်းပြည်ပ သတင်းသမားများနှင့်တွေ့ဆုံကာ ၎င်း၏မြန်မာနိုင်ငံခရီးစဉ်နှင့်
ပတ်သက် ၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီးသတင်းထောက်များ၏ သိလိုသည့်မေးမြန်းမှုများကို
ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက်မစ္စရန်ဟီလီသည်သတင်းစာရှင်းလင်းပွဲအပြီးတွင်လေကြောင်းလိုင်းဖြင့်ရန်ကုန်မြို့မှပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူမစ္စရန်ဟီလီသည်မြန်မာနိုင်ငံသို့တတိယအကြိမ်မြောက်အဖြစ်ယခုလ(၃) ရက်မှ (၇) ရက်အထိ လာရောက်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment