အမရပူရ သြဂုတ် ၈
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ
ကူဘို တာထွန်စက် ၃၅ စီးကို စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် အတွင်း ရေကြီးနစ်မြုပ်၍
ပျက်စီးသွားသော လယ်ယာမြေများကို အချိန်မီစိုက်ပျိုးနိုင်ရန် ထွန်ယက် ဆောင်ရွက်ပေးရန်အတွက်
သြဂုတ် ၅ ရက် နံနက် ၆ နာရီ က အမရပူရမြို့နယ် အမှတ် (၆၃) စက်မှု လယ်ယာစခန်းမှ စတင်ထွက်ခွာသွားကြသည်။
အဆိုပါထွန်ယက်ရေးတွင် မတ္တရာစခန်းမှ ၁၃ စီး၊ အမရပူရစခန်းမှ ၁ဝ စီး၊ ပုသိမ်ကြီးစခန်းမှ
ငါးစီး၊ ဝမ်းတွင်း စခန်းမှ ငါးစီး၊ ရမည်းသင်းစခန်းမှ နှစ်စီးတို့ကို ပုသိမ်ကြီး စခန်းနှင့်မတ္တရာ
စခန်းမှ ဒုဦးစီးများ ဦးဆောင်၍ ထွန်စက်မောင်း ၃၅ ဦး၊ စက်မောင်းခေါင်းဆောင် ခုနစ်ဦး၊
ထွန်စက်ပြင် ၁၄ ဦးတို့ဖြင့် ရေနစ်မြုပ်ခဲ့သော လယ်ယာမြေ များကိုပြုပြင်ရန်အတွက် ဖွဲ့စည်း
စေလွှတ်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ စေလွှတ်ရာတွင် မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှတာဝန်ရှိ
သူများ ဦးဆောင်၍ ဝိုင်းဝန်းဆောင်ရွက်ကြပြီး တိုင်းဦးစီးဌာနမှူးက ယခုလို သွားရောက်၍
တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ စက်ကိရိယာများကို အချိန်နှင့်တစ်ပြေးညီ ကြံ့ခိုင်မှုရှိစေရန်၊
အမြဲစီစဉ်ဆောင်ရွက်ရန်၊ မိမိတို့၏ ကျန်းမာရေးကိုလည်း ဂရုစိုက်၍ ဒေသခံတောင်သူများ၏ လယ်ယာမြေများ
ဖော်ဆောင်ရာတွင် စည်းကမ်းတကျနှင့်စေတနာထား၍ ဆောင်ရွက် သွားကြရန်တို့ကို မှာကြားပြီး
အဆိုပါ အဖွဲ့ အတွက် စားနပ်ရိက္ခာအဖြစ် ဆန်၊ ခေါက် ဆွဲခြောက် ထုပ် များ၊ရေသန့်ဘူးများနှင့်
အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးပြီး စက်ကိရိယာအပိုပစ္စည်းနှင့်ချောဆီများကိုလည်း
စီစဉ်ဆောင်ရွက်ပေး၍ ဝန်ထမ်းများ ကို တွေ့ဆုံ ခဲ့ကြောင်းသိရသည်။
(တင်တင်လှ)

No comments:
Post a Comment