ဆင်ပေါင်ဝဲ သြဂုတ် ၈
ဆင်ပေါင်ဝဲမြို့တွင်
ဧရာဝတီမြစ် ရေတက်မူကြောင့် နေအိမ်ခြံဝန်းများအတွင်း ရေဝင်ရောက်ပြီး ပြောင်းရွှေ့ရသည့်
အိမ်ထောင်စု များအား ယနေ့နံနက်တွင် အလှူရှင်များ ကိုယ် တိုင် သွားရောက် ထောက်ပံ့လျက်
ရှိရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာ များ၊ မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊
မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ၊ပါဝင်သော အဖွဲ့သည် မွှန်းညောင်ပင်ကျေးရွာ၊ ကန်လှ ကျေးရွာ၊
မကြီးကန်ကျေးရွာ၊ အလယ်ကန် ကျေးရွာ၊ ရွာပြေသာကျေးရွာများသို့ သွားရောက်ပြီး ရေကျ ဆင်းနေမူ
အခြေအနေ များကို ကြည့်ရှုပြီး ကျေးရွာ တစ်ရွာလျှင် ဆန် (၃) အိတ်နှုန်း၊ ကျေးရွာ (၅)ရွာအတွက်
ဆန် (၁၅)အိတ၊် တန်ဖိုးငွေ (၃၇၅၀၀၀ိ/) ခန့် ထောက်ပံ့ လှူန်းဒါန်းကြပါသည်။
အလားတူ ဇဗ္ဗူသီရိမြို့နယ်
ဓနသိဒ္ဓိ ရပ်ကွက်နေ အလှူရှင် ဦးဝင်းမြင့်ဦး နှင့် အလှူရှင် (၂၅)ဦးတို့က ကြာအင်းကျေးရွာ၊
အင်းကြားကျေးရွာ၊ ကျောက်ချက်ကျေးရွာ၊ မွှန်းညောင်ပင်သာ ကျေးရွာနှင့် အမှတ်(၂) ရပ်ကွက်ရှိ
ရေဘေးရှောင် အိမ်ထောင်စုများ အတွက် ဆန် (၅၀)အိတ်၊ သင်္ကန်း အပါအဝင် ပစ္စည်းမျိုးစုံ (၁၁)မျိုး
စုစုပေါင်း တန်ဖိုးကျပ် (၇၀၆၃၃၀၀ိ/) ခန့်၊ ကျောက်ဆောင်စမ်းလူငယ် အဖွဲ့မှ ကျောက်ချက်
ကျေးရွာရှိ ရေဘေးရှောင် အိမ်ထောင်စုများအတွက် ဆန် (၂၃)အိတ်၊ ပစ္စည်း (၂)မျိုး၊ တန်ဖိုးငွေ
ကျပ် (၆၂၈၀၀၀ိ/) ခန့်၊ ကပစ(၈) စစ်သည် မိသားစုများမှလည်း ကျွန်းကျေးရွာ ရှိ ရေဘေးရှောင်
အိမ်ထောင်စုများအတွက် ဆန် (၂၁) အိတ၊် ပစ္စည်းမျိုးစုံ (၅)မျိုး၊ စုစုပေါင်း တန်ဖိုး
ကျပ် (၉၅၂၀၀၀ိ/)ခန့်၊ ချင်းစုတောရ ဆရာတော်မှ မွှန်းညောင်ပင်သာ ကျေးရွာနှင့် ကန်လှ ကျေးရွာရှိ၊
ရေဘေးရှောင်အိမ်ထောင် စုများ အတွက် ဆန် (၁၀)အိတ် ပစ္စည်း (၅)မျိုး နှင့်ငွေသား (၂၅၀၀၀၀ိ/)
စုစုပေါင်း တန်ဖိုး ငွေကျပ် (၉၅၂၀၀၀ိ/) ခန်၊့ ဒေါ်ခင်မြင့်မူ ဓနှုန်းမြောင် အမကမှ လက်ပံငူကျေးရွာရှိ
ရေဘေးရှောင် ပြည်သူများ အတွက် ငွေသား (၂၀၀၀၀၀ိ/) ထောက်ပံ့ လှူဒါန်းကြရာ ယနေ့ သွားရောက်
ထောက်ပံ့ လှူဒါန်းကြသည့် ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်းမှာ (၉၆၆၈၃၀၀ိ/) ဖြစ်ကြောင်း
သတင်းရရှိပါသည်။



No comments:
Post a Comment