နေပြည်တော် သြဂုတ် ၈
မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄) ရွှေညောင် - တောင်ကြီးလမ်းပိုင်း၊ ရွှေညောင်နှင့်
ထီသိမ်ကြား၊ မိုင် (၄၁၇/၃-၄) တွင် အလျား (၈၀) ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၄)ပေရှိ တောင်ပြို
မြေများ သံလမ်းပေါ်သို့ ဖုံးလွှမ်းနေခြင်းကြောင့် အဆိုပါရထားလမ်းပိုင်းကို သြဂုတ်(၇)ရက်
ရက် ည (၉)နာရီတွင် ပိတ်ထားခဲ့ရသည်။ ဖြစ်ပွားရာသို့ အင်ဂျင်နီယာ (သံလမ်း/ ရွှေညောင်)အဖွဲ့မှ
ဖယ်ရှားရှင်းလင်းပြုပြင် ဆောင်ရွက်လျှက်ရှိသည်။
ထိုနည်းတူစွာ မြန်မာ့မီးရထား၊ တိုင်းအမှတ် (၆) လက်ပန်တန်း - သာရဝေါ လမ်းပိုင်း၊
ညောင်ဝိုင်း - ခမုံဆိပ်ကြား၊ မိုင် (၈၅/၈-၉) ရှိ ဂါဒါ ပေ (၄၀) (၃)ခုဆက် တံတားအမှတ်
(A) ၏ ခမုံဆိပ်ဘက် ၊ ချဉ်းကပ်လမ်းကို ရေတိုက်စားပြီး (၄၅' x ၃၇' x ၉') ခန့် ပဲ့ပါသွားသဖြင့်
ရထားလမ်းမှာ ပတ္တလားပုံ ဖြစ်နေခြင်းကြောင့် အဆိုပါလမ်းပိုင်းကို သြဂုတ်(၇)ရက် မွန်းလွဲ
၂ နာရီတွင် ပိတ်ထားခဲ့ရပြီး ၎င်းနေရာသို့ တိုင်းအမှတ် (၆) တာဝန်ခံနှင့် အင်ဂျင်နီယာမှူး
(မြို့ပြ) ဦးစီးအပါအဝင် အင်ဂျင်နီယာ (၄) ဦး၊ လုပ်သား (၁၅)ဦး ခမုံဆိပ်ရွာမှ ဝိုင်းဝန်း
ကူညီသူလုပ်အားပေး လုပ်သား (၇၀) ဦးတို့ဖြင့် သဲအိတ်ဖို့ခြင်း၊ ကျောက်ကြီးချခြင်း လုပ်ငန်းများ
ဆောင်ရွက်လျှက်ရှိသည်။
မြန်မာ့မီးရထား၊ တိုင်းအမှတ် (၂)၊ ဘုတလင် - အလုံ လမ်းပိုင်း မိုင် (၄၆၄/၁၇ မှ
၄၆၅/၂၃) အထိ သံလမ်းတွင် ရေပြန်ကျသွားပါသဖြင့် အင်ဂျင်နီယာ (သံလမ်း/မုံရွာ)နှင့် အဖွဲ့မှ
လိုအပ်သည့် ပြုပြင်မှုများ ဆောင်ရွက်ပြီး အဆိုပါလမ်းပိုင်းကို သြဂုတ်(၈) ရက် နံနက်(၉)
နာရီတွင် ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment