Saturday, August 8, 2015

လာမည့် ပညာသင်နှစ်မှစ၍ သူငယ်တန်း သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားသွားမည်



ရန်ကုန် သြဂုတ် ၈

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီသည် ယနေ့နံနက်ပိုင်းက လှည်းကူး မြို့နယ်အတွင်းရှိ အထကခွဲ (ဖောင်ကြီးအနောက်)၊ အထကခွဲ (ကြို့ကုန်းမြောက်)နှင့် အမကမူလွန်(ကြာကန်)ကျောင်းများသို့ သွားရောက်ခဲ့သည်။


ထိုသို့သွားရောက်ရာတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေမြဲရေး၊ သင်ကြားမှုစွမ်းရည်မြှင့်တင်ရေးနှင့် ပညာရည်မြင့်မားရေး ဆောင်ရွက်မှုများ ပိုမိုသိမြင် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းတစ်ကျောင်းချင်းစီ၏လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ယင်းသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာရေးတွင် လာမည့် ပညာသင်နှစ်မှစ၍ သူငယ်တန်း အပေါင်း ၁၂ အတန်းစဉ်ဖြင့် သင်ကြားရေးအတွက် သူငယ်တန်းသင်ရိုး ညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အရည် အသွေးမြင့်မားအောင် ကြိုးစားလုပ်ဆောင်ရင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အားကစား၊ ဂီတ၊ အနုပညာ၊ ရသ၊ သက်မွေး ပညာရပ်များတွင်လည်း ထူးချွန်သူများဖြစ်အောင် မွေးထုတ်ပေးနိုင်ရေး လေ့ကျင့် သင်ကြားရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့သည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  လှည်းကူးပညာရေးကောလိပ်သို့ ရောက်ရှိပြီး ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဆရာလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ရန် ဆရာအတတ်သင်တန်း များ တိုးချဲ့ဖွင့်လှစ်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေဘေးဒဏ် ခံစားရသည့်ဒေသများမှ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားခဲ့သည်။

(ပညာရေး)


No comments:

Post a Comment