Saturday, August 8, 2015

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို ဆက်လက် လှူဒါန်း

ရန်ကုန် - ဩဂုတ် ၈

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများက အလှူငွေနှင့်ပစ္စည်းများကို ဆက်လက် လှူဒါန်းလျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ အမှုဆောင် များ၊ အဘိုးအဘွားများနှင့် ဝန်ထမ်းများက ငွေကျပ် သိန်း ၁၅၀ ၊ ဗဟိုအင်ဂျင်နီယာတပ် အမှတ်(၉၆) သင်တန်းဆင်းကျောင်းသားများ (အခြားအဆင့်) က ငွေကျပ် ၁၀ သိန်း၊ ကဒုံစီး ရပ်ကွက် ပေါင်မြို့က ငွေကျပ် နှစ်သိန်းငါးသောင်း၊ ဆန် ၁၆ အိတ်၊ မာမားခေါက်ဆွဲ ၂၁ သေတ္တာ၊  ရေသန့် ၁၂၂ ကဒ်၊ အဝတ်အထည်များ၊ ငါးသေတ္တာ၊ ဆီ၊ ဖယောင်းတိုင်၊ မုန့်များ၊ ပန်းကန် များ၊ ကြက်သွန်နီ ၁ အိတ်နှင့် စောင် ၂ အိတ်၊  မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းက ငွေကျပ် တစ်သိန်း၊ ဆန် ၆ အိတ်၊ ခေါက်ဆွဲခြောက် ၂ သေတ္တာ၊ ရေသန့် ၃၂ ကဒ်၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည် ၁၄ အိတ်၊ ဖယောင်းတိုင် အိတ် ၃၀ ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိန်းရေး အဖွဲ့(မထသ-ဗဟို)နှင့် ယာဉ်လိုင်း ကော်မတီဝင်များ၊ ဝန်ထမ်းများ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ် သားများက ငွေကျပ် ၁၂၀၂၄၅၀၀ ၊ စစ်သားတို့၏ ဘ၀များ ပရဟိတအဖွဲ့က ငွေကျပ် ငါးသိန်း ငါးသောင်း၊ လသာမြို့နယ် စစ်မှုထမ်းဟောင်း မိသားစုအဖွဲ့က ငွေကျပ် နှစ်သိန်းသုံးသောင်း၊
မြ၀တီ ကုန်သည်ကြီးများ၊ မဲဆောက် ကုန်သည်ကြီးများ ကရင်ပြည်နယ်က  ငွေကျပ် သိန်း ၅၀ နှင့် ထိုင်းဘတ်ငွေ တစ်သောင်း၊ ဒေါ်လဲ့လဲ့ဝင်း လမ်းမတော်မြို့နယ်က ငွေကျပ် တစ်သောင်းနှင့် အဝတ်အထည်များ၊ ဦးတင်နွယ်  လှိုင်မြို့နယ်က အဝတ်အထည်များ၊ ဗိုလ်မှူးမောင်မောင် စ-သ-ဟရုံး လှိုင်မြို့နယ်က ငွေကျပ် ငါးသောင်း၊ မောင်ဇောတိကလှိုင် ၏ မွေးနေ့အတွက် ငွေကျပ်တစ်သိန်း၊ မသဉ္ဇာဇော်က ငွေကျပ် ငါးသောင်း၊ ဦးဖုန်းနိုင် + ဒေါ်ဝင်းမြတ်ခိုင်  မရမ်းကုန်း မြို့နယ်က ငွေကျပ် နှစ်သိန်း နှင့် အဝတ်အထည်များ၊ ဦးအောင်နိုင်မြင့်  မင်္ဂလာဒုံမြို့နယ်က ငွေကျပ် နှစ်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ  ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman က အမေရိကန်ဒေါ်လာ ရှစ်သိန်းနှင့်ညီမျှသော ဆေးဝါး မျိုးစုံ သေတ္တာ  ၄၀  တို့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အလှူခံဌာနသို့ လာရောက် လှူဒါန်းကြရာ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကြည်သာ တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။     
     
(သတင်းစဉ်)

No comments:

Post a Comment