Monday, August 10, 2015

မြန်အောင်မြို့နယ်ရှိ ဧရာဝတီမြစ်လယ်မှ မြေနုကျွန်းများရှိ ရေကြီးနစ်မြုပ် ကျေးရွာအုပ်စုများမှပြည်သူများနှင့် ရွှေကျင် အ.ထ.က ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လာရောက်အားပေးစကားပြောကြား၊ ထောက်ပံ့ပစ္စည်းများပေးအပ်


မြန်အောင်  သြဂုတ် (၉)
မြန်အောင်မြို့နယ် ရွှေကျင် အ.ထ.က ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့  သြဂုတ်လ ၉ ရက်နေ့က ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးသန်းဌေး လာရောက်၍ ရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားပြီး နေထိုင်စားသောက်ရေး အဆင်ပြေမှု ရှိ/မရှိ ကြည်ရူ့၍  ထောက်ပံ့ပစ္စည်းများပေးအပ် ခဲ့ကြောင်းသိရှိရသည်။


ထိုပြင် အ.ထ.က ရွှေကျင် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော မဲခင်ချောင်အုပ်စု နန်တော်ကျွန်းကျေးရွာမှ လေဆင်နှာမောင်း တိုက်ခတ်ခြင်းခံရသော အိမ်ထောင်စုဝင်များအား  မြန်မာနိုင်ငံကြက်ခြေနီ အသင်းကထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများ ကို တစ်ပါတည်းပေးအပ်ခဲ့သည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးသည် ညောင်ဝိုင်းအုပ်စုရှိ ရေဘေးရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာများနှင့် ရေသန့်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးသည် ဧရာဝတီမြစ်လယ်ရှိ ရေကြီးနစ်မြုပ်နေသည့် ပဲတခွဲအုပ်စု လန်ဒါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍  ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး  ပဲတခွဲအုပ်စုနှင့်မဲခင်ချောင်အုပ်စုတို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ဆီ၊ပဲ စသည့် စားနပ်ရိက္ခာများနှင့်ရေသန့် ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment