မြန်အောင်
သြဂုတ် (၉)
ရေဘေးသင့်အိမ်ထောင်စုများအတွက်
တပ်မတော်မိသားစုဝင်များနှင့် ပရဟိတလုပ်ငန်းအလှူရှင်များမှ စုပေါင်း၍ ဆန်၊ ဆီ၊ ရေသန့်
ဘူးများ၊ အစားအစာနှင့်အ၀တ်အထည်၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းလျှက်ရှိရာ
သြဂုတ်လ
၉ ရက်နေ့က ဧရာဝတီ ရေတပ်စခန်းဌာနချုပ် လက်အောက်ရှိ အမှတ်(၁)ဗျူဟာ စစ်ရေယာဉ်စုမှ တင့်ကားတင်ကမ်းထိုးရေယာဉ်
1611 ဖြင့် စစ်ရေယာဉ်မှူး ဗိုလ်မှူးစိုးထွန်းဝင်း ဦးဆောင်၍ မြန်အောင်မြို့သို့ရောက်ရှိပြီး
မြန်အောင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ စားသုံးဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊
နို့မှုန့်၊ အ၀တ်အထည်နှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်းရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအောင်ဝင်းက ရေဘေးသင့် ပြည်သူများ ကိုယ်စားလက်ခံရယူခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment