ကနီ၊ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်
ကျေးရွာပေါင်း (၆၅) ရွာ အိမ်ထောင်စု ၇၅၆၂ စုမှ ၇၃၄၀ အိမ်၊ စာသင်ကျောင်း (၂၈) ကျောင်း
ဘုန်းတော်ကြီးကျောင်း (၆၉) ကျောင်းတို့တွင် ချင်းတွင်း မြစ်ရေ၀င်ရောက်ခဲ့ပြီး မြစ်ရေနှင့်အတူ
သဲနှုန်းနှင့် နွံများဝင်ရောက်မှုများ ရှိခဲ့သည်။
အဆိုပါ နွံများဝင်ရောက်မှုများကြောင့် ကျေးရွာများရှိ လမ်းများ၊
စာသင်ကျောင်းများကို ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းများအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးထိန်စိုးနှင့်
မြို့နယ် ပြန်လည် ထူထောင်ရေး ကော်မတီဝင်များသည် သြဂုတ်လ ၉ ရက်နေ့က ကင်းကျေးရွာ မြစ်ကမ်းပါးပြိုကျမှု၊
လမ်းများ၊ အခြေခံအထက်တန်းကျောင်းဝန်းနှင့် စာသင်ခန်းများအတွင်း နွံများဝင်ရောက်မှုများ
ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကင်းကျေးရွာ ကမ်းပါပြိုမှု၊ ကျေးရွာလမ်းများနှင့် စာသင်ကျောင်းများအတွင်း
နွံများဝင်ရောက်နေသဖြင့် ကျောင်းအမြန်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ကျ နယ်မြေမှူးများနှင့်
ကျေးရွာပြည်သူလူထု ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း
ဆောင်ရွက်နိုင်ရေး အလှူငွေများ ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း သိရသည်။


No comments:
Post a Comment