နေပြည်တော်
သြဂုတ် ၁၀
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်
ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ဆက်လက် တင်သွင်းလျက် ရှိရာ သြဂုတ် ၁၀ ရက်တွင် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၉)ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၈)ဦး၊
တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၄၆)ဦးနှင့် တိုင်းဒေသကြီး/
ပြည်နယ် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၉)ဦးတို့ တင်သွင်းခဲ့သည်။
ဇူလိုင်(၂၀)ရက်မှ သြဂုတ် (၁၀)ရက်အထိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၁၉၁)ဦး၊
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၂၇)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်
ကိုယ်စားလှယ်လောင်း (၂၂၇၈)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသား လူမျိုး လွှတ်တော်
ကိုယ်စားလှယ်လောင်း (၁၂၈)ဦး စုစုပေါင်း (၄၂၂၄) ဦးရှိပြီဖြစ်ပြီး နိုင်ငံရေးပါတီ (၈၀)ပါတီနှင့်
တစ်သီး ပုဂ္ဂလ (၁၆၂)ဦးတို့မှ အမည်စာရင်း တင်သွင်း ခဲ့ကြကြောင်း သိရှိရသည်။ အမည်စာရင်း
တင်သွင်းမှု အသေးစိတ်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် Website www.uecmyanmar.org တွင် ကြည့်ရှုနိုင်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment