Tuesday, August 11, 2015

ကံမမြို့နယ်တွင် ချောင်းရေတိုက်စားခံရသော မင်းတုန်းချောင်းကူးတံတား ချည်းကပ်လမ်းတာဘောင်ပြုပြင်ပြီးစီး



ကံမ  သြဂုတ်  ၁၁

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းက   မင်းတုန်းချောင်းရေ တိုက်စားမှုကြောင့် မင်းတုန်းချောင်း ကူးတံတား (ရေနံ့သာ)၏ မြောက်ဘက်တံတား ချည်းကပ်လမ်း တာဘောင် ရေတိုက်စားပြီး အရှည်ပေ ၃၀၀ ခန့် ပျက်စီးခဲ့ရာ အရှည် ပေ ၇၀၀ ရှိ ဘေလီတံတားမှာ  ပျက်စီးမှု မရှိသော်လည်း ခရီးသွားပြည်သူများ သွားလာရေး ပြတ်တောက်ခဲ့သည်။


ချောင်းရေလျော့နည်းသွားသည့် အချိန်မှစ၍ ပျက်စီးသွားသော  တာဘောင် အား ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ စက်ယန္တရားများ၏ အင်အားကို အသုံးပြု၍ မြေနီကျောက်စရစ်များခင်းပြီး အမြန်ဆုံးပြုပြင်ခဲ့ရာ သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ပြီဖြစ်သည်။  


 (ကံမမြို့နယ် ပြန်/ဆက်)

No comments:

Post a Comment